News

POST TAGGED AS

သာကေတ

02-Aug-2017

တံတား သာကေတ
သာကေတ တံတားသစ် တည်ဆောက်မှု သုံးပုံနှစ်ပုံပြီးစီး

ရန်ကုန်၊ ဩဂုတ် ၂

ပုဇွန်တောင်ချောင်းကို ဖြတ်သန်းဆောက်လုပ်နေသော သာကေတတံတားသစ် တည်ဆောက်မှုသည် ၆၄ ရာခိုင်နှုန်း(သုံးပုံ နှစ်ပုံ)ပြီးစီးပြီဖြစ်ကာ ၂၀၁၈ ခုနှစ်အတွင်း အပြီးသတ် ဆောက်လုပ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က ပြောကြားသည်။

ယခင်ဆောက်လုပ်ထားသော သာကေတ တံတားအဟောင်းသည် နှစ်ပေါင်း ၅၀ ကြာမြင့်နေပြီ ဖြစ်သောကြောင့် တံတား၏ ခံနိုင်ရည်အား ကျဆင်းကာ ၁ဝ တန်ယာဉ်များသာ ဖြတ်သန်းနိုင်သည့်အတွက် ဂျပန်အစိုးရ အကူအညီဖြင့် တံတားသစ် တည်ဆောက်ရခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

လက်ရှိတွင် သာကေတ တံတားအဟောင်းမှာ တစ်နေ့လျှင် ယာဉ်အစီးပေါင်း နှစ်သောင်းကျော် ဖြတ်သန်းသွားလာနေပြီး တံတားအသစ် ဆောက်လုပ်ပြီးစီးပါက ယာဉ်အစီးရေ ငါးသောင်းကျော်အထိ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါတံတားအသစ်ကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း တည်ဆောက်ခြင်းဖြစ်ပြီး ကုန်ကျစရိတ်အဖြစ် ဂျပန်ယန်းငွေ သန်း ၃၀၀၀ ကျော်ကို ဂျပန်အစိုးရက ကူညီပေးခဲ့ကြောင်း JICA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

J-13



FOLLOW US