News

POST TAGGED AS

သာကေတ

သာကေတမြို့နယ်၊ ၁၀/ တောင် (၁၃) ရပ်ကွက်၊ သလ္လာဝတီ (၂) လမ်းရှိ နေအိမ်တစ်လုံးတွင် ဇူလိုင်လ ၁၄ ရက် နံနက် ၇ နာရီခွဲခန့်က အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးကိုခေါ်ဆောင်ကာ သတ်ပစ်ရန်ကြံစည်ခဲ့သည်ဟုဆိုသော နေအိမ်ပိုင်ရှင် အမျိုးသားအပါအဝင် ၈ ဦးကို သာကေတ နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
သာကေတမြို့နယ်၊ ဧရာဝဏ်လမ်းနှင့် နဝရတ်လမ်းဆုံတွင် ဇွန်လ ၈ ရက် နံနက် ၈ နာရီခွဲက YBS (၉) ခရီးသည် တင်ယာဉ်တစ်စီးမှ အရှိန်မထိန်းနိုင်ဖြစ်ပြီး မော်တော်ယာဉ်၊ ဆိုင်ကယ်၊ ဆိုက်ကားနှင့် လက်ဖက်ရည်ဆိုင်တို့ကို ဝင်တိုက်ကာ ယာဉ်တိမ်းမှောက်ခဲ့သောကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ၁၁ ဦးမှာ ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
သာကေတမြို့နယ် အနော်မာ ၁၁ လမ်းနှင့် ၁၂ လမ်းရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းနှစ်ကျောင်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ ဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သာကေတမြို့နယ်၊ ၂/တောင်ရပ်ကွက်၊ မင်းနန္ဒာလမ်းပေါ်ရှိ ဆောက်လုပ်စ အဆောက်အအုံတစ်လုံးတွင် မတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဆေးသုတ်ထားသည်ကို လိုက်လံစစ်ဆေးသည့် အသက် ၄၅ နှစ်အရွယ် တရုတ်နိုင်ငံသူတစ်ဦး တိုက်ခန်းပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
သာကေတမြို့နယ်၊ ကန်သာယာလမ်းတွင် ခရီးသည်၏ လက်ဝတ်ရတနာများ ပါသည့်အိတ်ကို ယူဆောင်မောင်းပြေးသည့် အငှားယာဉ်မောင်းအမျိုးသားကို ဖမ်းမိခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
12-Jan-2018 tagged as ရန်ကုန် သာကေတ
အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သားမယားပြုကျင့်ရန် ကြံစည်ခဲ့သည်ဟုဆိုသော အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲပိုင်းတွင် အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်လိုက်သည်။
11-Jan-2018 tagged as သာကေတ
သာကေတမြို့နယ် အနော်မာ ၁၁ လမ်းနှင့် ၁၂ လမ်းရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်း နှစ်ကျောင်းကို လုံခြုံရေး တည်ငြိမ်ရန် လိုအပ်ခြင်းကြောင့် ချိပ်ပိတ်ကာလ လေးလ ဆက်လက် တိုးမြှင့်လိုက်ကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
09-Jan-2018 tagged as သာကေတ
သာကေတမြို့နယ်၊ ၁၀/မြောက် ရပ်ကွက်ရှိ တိုက်ခန်းတစ်ခုတွင် ဇန်နဝါရီလ ၉ ရက် နံနက် ၄ နာရီခွဲခန့်က ဇနီးဖြစ်သူနှင့် အိမ်ထောင်ရေးကိစ္စ စကားများ ရန်ဖြစ်ပြီး အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
ရန်ကုန်မြို့တော်ရှိ သာကေတ ဓာတ်အားပေးစက်ရုံအနေနှင့် လာမည့် မတ်လကစ၍ မဂ္ဂါဝပ် ၆၀ ကျော် တိုးမြှင့်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ငန်းထံမှ သိရသည်။
28-Dec-2017 tagged as ရန်ကုန် သာကေတ
နေ့စဉ်ပုံမှန်ပေးသွင်းရမည့် ငွေကျပ်နှစ်ထောင် ပေးသွင်းခြင်း မရှိသဖြင့် နေအိမ်ပေါ်တက် ပါးရိုက်သူ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သာကေတ နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။