News

POST TAGGED AS

သာစည်မြို့နယ်

သာစည်မြို့ အမှတ် (၄) ရပ်ကွက်ကိုဖြတ်သန်း၍ အထက (၁) ကျောင်းလမ်းတွင် 33KV ဓာတ်အားလိုင်းသွယ်တန်းရန် ပြင်ဆင်နေမှုနှင့် ပတ်သက်၍ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းက ရပ်ကွက်ဒေသခံ ၁၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
သာစည်မြို့နယ် ဆင်ရွာကျေးရွာ၌ ဇွန် ၄ ရက်နေ့ ညနေပိုင်းက ဒေသခံတောင်သူတစ်ဦးသည် တောထဲတွင်တွေ့ခဲ့သော စစ်ကျန်ဟုယူဆရသည့် ကျည်ဆန်ဟောင်းကို သံချောင်းနှင့်ထုရာမှ ပေါက်ကွဲမှုဖြစ်ကာ သေဆုံးခဲ့ပြီး အနီးတွင်ရှိနေသော ကလေးတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
သာစည်မြို့နယ် အကျဉ်းဦးစီးဌာနအောက်ရှိ ဘုရားငါးဆူ ကုန်ထုတ်စခန်း၏ ကျောက်ထုတ်လုပ်ငန်းခွင်မှ အကျဉ်းသားတစ်ဦး ကျောက်တုံးထိမှန်၍ သေဆုံးခဲ့ကြောင်း မိတ္ထီလာခရိုင် ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။
သာစည်မြို့နယ် အပျောက်ကျေးရွာ၌ မတ်လ ၂၇ ရက်နေ့တွင် မင်္ဂလာဆောင်ရန်ရှိနေသည့် အမျိုးသားတစ်ဦးသည် ယင်းနေ့မတိုင်မီညက အဆိပ်သောက် သေဆုံးသွားခဲ့ကြောင်း အဆိုပါကျေးရွာတွင် နေထိုင်ကြသူများထံမှ သိရသည်။