News

POST TAGGED AS

သရုပ်ဆောင်

နာမည်ကျော် ရုပ်ရှင်မင်းသား လွင်မိုးရဲ့ သမီးဖြစ်သူ ယွန်းဝတီလွင်မိုးက သြစတြေးလျနိုင်ငံမှာ ပညာသွားရောက် သင်ယူနေတာပါ။ မြန်မာနိုင်ငံကို ခေတ္တပြန်လည် ရောက်ရှိလာတဲ့ ယွန်းဝတီလွင်မိုးနဲ့ တွေ့ဆုံခိုက်မှာ ပညာရေးအကြောင်း၊ အချစ်ရေးနဲ့ ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေ အကြောင်းကို The Radar က မေးမြန်းဖော်ပြထားပါတယ်။
ပရိသတ်တွေ အားလုံးက မအေးသောင်းလို့ ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် အေးဝတ်ရည်သောင်းနဲ့ မြန်မာဝတ်စုံလှလှလေးတွေက ခွဲခြားမရတဲ့ အဆင်တန်ဆာ တစ်ခုပါ။ မြန်မာဝတ်စုံတွေနဲ့ ရိုက်ဖြစ်တဲ့ ဓာတ်ပုံတွေအကြောင်း၊ ဒုတိယမြောက် ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ ‘မင်္ဂလာရှိတဲ့အရပ်’ မှာ သရုပ်ဆောင်ရမယ့် ဇာတ်ရုပ်အကြောင်းနဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေ အကြောင်းကို The Radar က ရိုက်ကူးတင်ပြထားပါတယ်။
ပထမဆုံး ရိုက်ကူးတဲ့ ‘မကြီးစန်းနှင့် သူ၏ချစ်သူများ’ ဇာတ်ကားနဲ့ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ မိတ်ကပ်ပညာရှင် ခင်စန်းဝင်းက မကြာခင်မှာတော့ မင်းသားသစ်တစ်လက်နဲ့ ဗီဒီယိုဇာတ်ကား တစ်ကား ထပ်မံရိုက်ကူးသွားတော့မှာပါ။ ယင်းဇာတ်ကားအကြောင်းနဲ့ ပရိသတ် စိတ်ဝင်စားနေတဲ့ ချစ်သူမင်းသား အကြောင်းကို The Radar က မေးမြန်းဖော်ပြထားပါတယ်။
လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ ဆိုရင်တော့ ပရိသတ်အားလုံးရဲ့ ရင်ထဲမှာ ယနေ့တိုင် မမေ့နိုင်ကြသေးတဲ့ သရုပ်ဆောင်ဒွေး ကွယ်လွန်ခဲ့တာ ဆယ်နှစ်ပြည့်ခဲ့ပါပြီ။ ယင်းနေ့မှာတော့ သရုပ်ဆောင်ဒွေး ကိုယ်တိုင်ရေးဆွဲခဲ့တဲ့ ပန်းချီကားတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို အမှတ်တရ သိမ်းဆည်းလိုသူတွေကို ပြန်လည်ရောင်းချပေးမှာဖြစ်ပြီး ရရှိတဲ့ ငွေကြေးတွေကို ဒွေးလှူဒါန်းခဲ့တဲ့ ရေတွင်းရေကန်များနဲ့ ဘုရားပုထိုးစေတီများကို ပြုပြင်မွမ်းမံဖို့ သုံးစွဲသွားမယ်လို့ ၎င်းရဲ့ ဇနီးဖြစ်သူ မိုးမိုးရဲ့ Facebook Account မှာ ရေးသားဖော်ပြထားပါတယ်။ ခေတ်ပြိုင်မင်းသားတစ်လက်ဖြစ်တဲ့ လွင်မိုးရဲ့ ဒွေးနဲ့ ပတ်သက်တဲ့ အမှတ်တရတွေ အကြောင်းကို The Radar က မေးမြန်းရိုက်ကူး တင်ပြထားပါတယ်။
နာမည်ကျော် သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ စိုးမြတ်သူဇာက ကိုရီးယားနိုင်ငံရှိ View Plastic Surgery ဆေးရုံမှာ ဧပြီလအတွင်းက မျက်နှာသွားရောက် ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။ ခွဲစိတ်ပြု ပြင်ခဲ့တဲ့ အတွေ့အကြုံတွေကို The Radar သတင်းထောက်က မေးမြန်းရိုက်ကူးတင်ပြထားပါတယ်။
သရုပ်ဆောင် ကောင်းပြည့်နဲ့ သန္တာဗိုတို့ရဲ့ ချစ်သူသက်တမ်းက အတော်လေးရလာခဲ့ပါပြီ။ လက်ရှိမှာ ချစ်သူကောင်းပြည့်နဲ့ ဇာတ်ကားတွေ တွဲဖက်ရိုက်ကူးဖြစ်လာသလို၊ နှစ်ယောက်ကြားမှာလည်း နားလည်မှုတွေ ပိုရှိလာကြတယ်ဆိုတဲ့ မော်ဒယ်လ်နဲ့ သရုပ်ဆောင် သန္တာဗိုရဲ့ အချစ်ရေးကို The Radar သတင်းထောက်က မေးမြန်းရိုက်ကူး တင်ပြထားပါတယ်။
အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာ အနုပညာလောကနဲ့ အဆက်ပြတ်နေခဲ့တဲ့ သရုပ်ဆောင် မယ်လိုဒီက လက်ရှိမှာတော့ ဇာတ်ကားတွေ ပြန်လည်ရိုက်ကူးနေပါပြီ။သရုပ်ဆောင် မယ်လိုဒီရဲ့ လတ်တလော အနုပညာလှုပ်ရှားမှု အကြောင်းနဲ့ ပြောင်းလဲလာတဲ့ အနုပညာ ခံယူချက်တွေ အကြောင်းကို The Radar သတင်းထောက်က မေးမြန်းရိုက်ကူးတင်ပြထားပါတယ်။
07-Jul-2017 tagged as သရုပ်ဆောင်
“ဒါရိုက်တာ အရည်အချင်းနဲ့ ပြည့်မီတဲ့သူတွေကို ဒါရိုက်တာ ပီပီသသဖြစ်အောင် လုပ်ပေးဖို့ လိုသလို၊ မပြည့်မီတဲ့ သူတွေကိုလည်း အရည်အသွေးတွေ တက်အောင် လုပ်ပေးဖို့ လိုတယ်”
30-Jun-2017 tagged as သရုပ်ဆောင်
“ကိုကြံ့တို့ နိုင်ငံရဲ့ဈေးကွက်က စားသုံးသူအကြိုက်ကို ဖန်တီးသူက လိုက်ပေးနေရတယ်။ သူများနိုင်ငံတွေမှာက ဖန်တီးသူနောက်ကို စားသုံးသူက လိုက်ရတယ်”