News

POST TAGGED AS

သရုပ်ဆောင်

အနုပညာလောကမှာ ဗီလိန်ဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ နိုင်လူက တစ်ချိန်က မင်းသား ဖြစ်ချင်ခဲ့ပေမယ့် အခြေအနေမပေးလို့ ဗီလိန်ဇာတ်ရုပ်တွေ ရိုက်ခဲ့ရတာ ဖြစ်ကြောင်း The Voice ကို ပြောကြားပါတယ်။
18-Aug-2017 tagged as သရုပ်ဆောင်
အနုပညာရှင်အချို့ အကြံပေးသလို၊ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌရာထူးအတွက် လခပေးပြီး ခန့်တာမျိုးကို လက်မခံပါဘူးလို့ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဟောင်းတစ်ဦး ဖြစ်တဲ့ ဝါရင့်သရုပ်ဆောင်ဇင်ဝိုင်းက The Voice ကို ပြောကြားပါတယ်။
“ကျွန်တော့်မွေးရာပါ ပင်ကိုအသံက ကောင်းတဲ့အထဲမှာ မပါဘူးလေ။ အဆိုတော် ဖြစ်ချင်လို့ သီချင်းဆိုတာ မဟုတ်ဘဲနဲ့ ကိုယ်ဝါသနာပါတဲ့ အရာတစ်ခုကို ပရိသတ်ကို ချပြတာပါ”
Myanmar Idol Season 2 ကနေတဆင့် ဂီတအပြင် သရုပ်ဆောင်ဘက်ကိုပါ စတင်ခြေလှမ်းလာပြီး လက်ရှိမှာ “မကြာမီမျှော်” ရုပ်ရှင်ကားကြီးရိုက်ထားတဲ့ ဇင်ကြီးနဲ့တွေ့ဆုံပြီး သရုပ်ဆောင် လုပ်ဖြစ်ရခြင်းအကြောင်းနဲ့အတူ ဂီတလှုပ်ရှားမှု အကြောင်းများကို The Radar က မေးမြန်းဖော်ပြလိုက်ပါတယ်။
အကယ်ဒမီရပြီးတဲ့နောက်ပိုင်းမှာ သရုပ်ဆောင်ဘက်နဲ့ အလှမ်းဝေးနေတဲ့ သရုပ်ဆောင် ချစ်စနိုးဦးနဲ့တွေ့ဆုံပြီး သရုပ်ဆောင်အလုပ်ကို သေသေချာချာ ပြန်လုပ်တော့မယ့်အကြောင်း၊ အချစ်ရေး အကြောင်းများကို The Radar က မေးမြန်းဖော်ပြလိုက်ပါတယ်။
သရုပ်ဆောင် မြတ်ကေသီအောင်က ခံစားမှု စာစုလေးတွေကို သူ့ရဲ့ Facebook Account မှာ ရေးသားလေ့ရှိပြီး နှစ်သက်ကြတဲ့ ပရိသတ်တွေလည်း ရှိကြပါတယ်။ သရုပ်ဆောင် မြတ်ကေသီအောင်နဲ့ တွေ့ဆုံပြီး မကြာသေးခင်က ပြည်ပကို အလည်အပတ်သွားခဲ့တဲ့ အတွေ့အကြုံတွေအကြောင်း၊ အချစ်နဲ့ ပတ်သက်တဲ့ ခံစားမှု စာစုလေးတွေ ရေးဖြစ်တဲ့ အကြောင်းတွေကို The Radar က မေးမြန်းဖော်ပြထားပါတယ်။
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရိုက်ကူးပြီး သရုပ်ဆောင် ပြေတီဦး၊ မြင့်မြတ်၊ ပတ်ထရစ်ရှာ၊ လိုင်လာခန်းတို့ ပါဝင်တဲ့ ‘ရာဇဝင်ရိုင်းသူများ’ ရုပ်ရှင်ဇာတ်ကားကို မကြာမီ ရုံတင်ပြသသွားတော့မှာပါ။ ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် ပြေတီဦးကို ဇာတ်ကားအပေါ် ရင်ခုန်မှု၊ မြင့်မြတ်နဲ့အပြိုင် သရုပ်ဆောင်ရတဲ့ အတွေ့အကြုံတွေ အကြောင်းကို The Radar က မေးမြန်းဖော်ပြထားပါတယ်။
ပြည်တွင်းရုပ်သံလိုင်းတစ်ခုနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သရုပ်ဆောင် ဒေါ်ဆွေဇင်ထိုက်က ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးခဲ့တဲ့ မင်းလည်းဘိုကေ ငါလည်းဘိုကေ ရုပ်ရှင်ဇာတ်ကားကို ဝေဖန်ပြောကြားခဲ့တဲ့အပေါ် နှစ်ဖက်အငြင်းပွားမှုတွေ ရှိခဲ့ပြီး အပြန်အလှန် တရားစွဲဆိုကြမယ့် အခြေအနေအထိ ရောက်ခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ကို The Radar က မေးမြန်းဖော်ပြထားပါတယ်။
စာရေးဆရာမင်းလူရဲ့ ဝတ္ထုကို ဒါရိုက်တာသားညီ ရိုက်ကူးပြီး သရုပ်ဆောင်လွှမ်းပိုင်နဲ့ အိချောပိုတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ 'ကြွေ' ရုပ်ရှင်ဇာတ်ကားကို မကြာမီ ရုံတင်ပြသသွားတော့မှာပါ။ ဒီဇာတ်ကားမှာ ခင်ရင်တင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ အိချောပိုရဲ့ ဇာတ်ကောင်စရိုက် အကြောင်းနဲ့ ရိုက်ကွင်းအတွေ့အကြုံတွေ အကြောင်းကို The Radar က မေးမြန်းဖော်ပြထားပါတယ်။