News

POST TAGGED AS

သရက်သီး

မြန်မာ့စိန်တလုံးသရက်သီးကို ပြည်ပဈေးကွက် ဂျာမနီနိုင်ငံသို့ ပထမဦးဆုံးအနေနှင့် တင်ပို့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးကျောသူက ပြောကြားသည်။
တရုတ်ဈေးကွက်တစ်ခုတည်းကိုသာ အားထားနေရသည့် မြန်မာ့သရက်သီး ဈေးကွက်အနေအထားသည် ဈေးကွက်ပျက်သည့်အနေအထားသို့ ဦးတည်သွားပြီဖြစ်ကြောင်း မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးပွဲရုံများနှင့် သရက်ခြံပိုင်ရှင်များက သုံးသပ်ထားကြသည်။
မန္တလေးမြို့၊ ကုသိုလ်တော်ဘုရားဝင်းအတွင်း ကျင်းပနေသော မြန်မာ့သရက်သီး ဈေးရောင်းပွဲတော် နောက်ဆုံးနေ့ (ယနေ့) တွင် စိန်တလုံးသရက်သီးများကို တစ်လုံးလျှင် ၁၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်သည်။
မြန်မာ့သရက်သီးကို ကမ္ဘာ့နိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချရန်အခက် အခဲများရှိနေကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။
တရုတ်နိုင်ငံဘက်တွင် သရက်သီးအထွက်များသောကြောင့် မူဆယ်နယ်စပ်ဈေးကွက်တွင် ပြည်တွင်းသရက်သီးဈေးနှုန်းမှာ ယခင်နှစ်ကအောက် ဈေးကျသွားကြောင်း မူဆယ်သစ်သီးကုန်သည်များထံမှ သိရသည်။
ရာသီဥတုကြောင့် ပိုးကျသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်အတွင်းရှိ စိန်တလုံးသရက်ပင်များမှ အသီးထွက်နှုန်းသည် ယခင်နှစ်ကထက် ကျဆင်းခဲ့ကြောင်း စိန်တလုံးသရက်သီး စိုက်ပျိုးသူများထံမှ စုံစမ်းသိရှိရသည်။
စိန်တလုံးအပါအဝင် ရွှေဟင်္သာ၊ မြကျောက်နှင့် ရင်ကွဲသရက်သီးလေးမျိုးကို ပထဝီဒေသဆိုင်ရာညွှန်းကိန်းများ (Geographical Indications-GI) မြန်မာ့မျိုးရင်းအဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းထံမှ သိရသည်။
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့တွင် ယခုနှစ်သရက်သီး အထွက်နှုန်းများသည့်အတွက် ဈေးကျကြောင်း သရက်သီးဒိုင်များထံမှ သိရသည်။
မြန်မာနိုင်ငံထွက်သရက်သီးများကို မူဆယ်ကုန်စည်ဈေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့ရာတွင် အရည်အသွေးကောင်းပြီး ဈေးကောင်းရရှိစေရန် ဧပြီလ ၁၅ ရက်နေ့နောက်ပိုင်းမှသာ တင်ပို့ကြရန် မူဆယ်ကုန်စည်ဒိုင်က ကန့်သတ်လိုက်သည်။