POST TAGGED AS

သမ္မတ

14-Jan-2018 tagged as သမ္မတ အမေရိကန်
မသတီစရာ“မစင်တွင်းတိုင်းပြည်များ (Shithole)” မှ ရွှေ့ပြောင်းအခြေချသူများကို လက်မခံသင့်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်မှာ လူမျိုးရေးခွဲခြားသည့် အသုံးအနှုန်းဖြစ်သည်ဟု ပြည်တွင်းနှင့်ကမ္ဘာတစ်ဝန်းမှ ဝေဖန်ခဲ့ကြပြီးနောက် ထရမ့်က လှည့်ပတ်ငြင်းဆိုခဲ့ကြောင်း Channel News Asia သတင်းဌာနက ဖော်ပြသည်။
ကိုရီးယားနှစ်နိုင်ငံအကြား ၂ နှစ်ကျော်အတွင်း ပထမဆုံးဆွေးနွေးပွဲများ ထွက်ပေါ်လာအောင် အစပျိုး ကူညီပေးခဲ့သည့်အတွက် သမ္မတဒေါ်နယ်ထရမ့်သည် ဂုဏ်ထူးမှတ် ကောင်းကောင်းနှင့် ထိုက်တန်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်းက ပြောကြားလိုက်ပြီး ရန်စမှုများ ဆက်လက်ပြုလုပ်ပါက ပြင်းထန်သော အရေးယူပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရမည်ဟု ပြုံယမ်းကို သတိပေးလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
နာမည်ကျော် ရုပ်သံတင်ဆက်သူ အော်ပရာဝင်းဖရေးသည် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်သမ္မတရွေးကောက်ပွဲဝင်ရန် စိတ်ဝင်တစား တွေးခေါ်တွက်ချက်နေကြောင်း ဝင်းဖရေးနှင့်ရင်းနှီးသော မိတ်ဆွေနှစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာသော အငြင်းပွားဖွယ် ပီရူးသမ္မတဟောင်း အယ်လ်ဘာတို ဖူဂျီမိုရိက ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများကို ကိုင်တွယ်ဖြေရှင်းရေး ညီညွတ်ကြရန် နှိုးဆော်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တွစ်တာလူမှုကွန်ရက် အသုံးပြုပြီး အင်အားသုံးအကြမ်းဖက်ရန် ခြိမ်းခြောက်မှုများ ပြုလုပ်နေသောကြောင့် သူ့အကောင့်ကို ပိတ်ပစ်သင့်သည်ဟု တောင်းဆိုမှုများ ပေါ်ထွက်လာချိန်တွင် တွစ်တာလူမှုကွန်ရက်က ထရမ့်ကဲ့သို့သော ကမ္ဘာ့ခေါင်းဆောင်များ၏ တွစ်တာအကောင့်များကို အထူးအဆင့်အတန်းပေးထားသည်ဟု ပြန်လည်ဖြေရှင်းခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီစံချိန်စံညွှန်းနှင့်အညီ နိုင်ငံတော်နှင့် သင့်တော်သည့် အခြေခံ ဥပဒေတစ်ရပ်ပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။
တရားစီရင်ရေးအပေါ် မထီမဲ့မြင်ပြုမှုဖြင့် အီဂျစ်သမ္မတဟောင်း မိုဟာမက်မော်စီနှင့် အခြား ၁၉ ဦးကို ကိုင်ရိုမြို့ရှိ ပြစ်မှုဆိုင်ရာ တရားရုံးတစ်ရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပြီး မော်စီကို အီဂျစ်ပေါင် ၂ သန်းပါ ငွေဒဏ်ချမှတ်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
19-Dec-2017 tagged as သမ္မတ
ချီလီသမ္မတရွေးပွဲတွင် ကွန်ဆာဗေးတစ် သမ္မတဟောင်း ကုဋေကြွယ်သူဌေး ဆီဘက်ရှန်ပီနာရာ အနိုင်ရရှိသွားသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
အချက်အလက်ဒေတာများကို လုံခြုံစိတ်ချရစေရန်နှင့် နည်းပညာကို အရှိန်မြှင့်သုံးစွဲနိုင်ရေးအတွက် Cloud နည်းပညာကို အခြေခံသည့် ဝန်ဆောင်မှုများကို အိမ်ဖြူတော်တွင် အသုံးပြုသွားရန် စီစဉ်နေကြောင်း တာဝန်ရှိသူများ၏ ထုတ်ဖော်ပြောချက်ကို Reuters သတင်းတွင် ရေးသားထားသည်။
သမ္မတဒေါ်နယ်ထရမ့်၏ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများကို ခံခဲ့ရသည်ဟု စွပ်စွဲပြောကြားထားသော အမျိုးသမီးသုံးဦးက ကွန်ဂရက် စစ်ဆေးကြားနာမှုကို လိုလားပါကြောင်း မီဒီယာများကို ပြောကြားခဲ့သည်။