News

POST TAGGED AS

သမ္မတ

ကြိုတင်သတ်မှတ်ချက်များ ပြုလုပ်မထားသော ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် နိုင်ငံရေးအရ အသိအမှတ်ပြုမှုတို့ကို တာလီဘန် စစ်သွေးကြွအဖွဲ့အား အာဖဂန်သမ္မတ အာရှရက်ဖ်ဂါနီက ကမ်းလှမ်းလိုက်သည်ဟု DW သတင်းတစ်ရပ်က ဖော်ပြထားသည်။
တရုတ်သမ္မတရှီကျင့်ဖျင် သက်တမ်း အကန့်အသတ်မရှိ သမ္မတရာထူး ဆက်လက်ရယူနိုင်ရေးအတွက် အခြေခံဥပဒေပြင်ဆင်ရန် တရုတ်ကွန်မြူနစ်ပါတီ (CCP) က အဆိုပြုခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုသည် အထွေထွေရွေးကောက်ပွဲကို သမ္မတရွေးကောက်ပွဲနှင့် တစ်ရက်တည်း ဧပြီလ ၂၂ ရက်နေ့တွင် ကျင်းပရန် အချိန်စောခေါ်ယူခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။
အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အနေနှင့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်လွန်မှုဖြင့် မိမိကို စုံစမ်းစစ်ဆေးနိုင်ကြောင်း ထောင်ဒဏ်ထက် သေဒဏ်စီရင်သည့်တပ်ဖွဲ့ဖြင့် ပစ်သတ်ခံရခြင်းကို လိုလားသည်ဟု ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်တွင် ဧရာမစစ်ရေးပြပွဲကြီး ကျင်းပရန် သမ္မတဒေါ်နယ်ထရမ့်က ညွှန်ကြားထားကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
သမ္မတဒေါ်နယ်ထရမ့်က နိုင်ငံတော်အခြေပြ မိန့်ခွန်း (State of the Union Speech) ပြောကြားရာတွင် အမေရိကန် ခေတ်ကာလသစ်တစ်ခု ရောက်ရှိပြီဖြစ်သည်ဟု ဆိုပြီး ပိုမိုခိုင်မာတောင့်တင်းသည့် အမေရိကန်ပြည်ထောင်စု ဖြစ်လာရေးအတွက် လက်တွဲပြီး အလုပ်လုပ်ကြရန် ပြိုင်ဘက် နိုင်ငံရေးအင်အားစုများဖြစ်သည့် ဒီမိုကရက်များကို တိုက်တွန်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။
28-Jan-2018 tagged as ပြင်သစ် သမ္မတ
ဗင်နီဇွဲလားနိုင်ငံသည် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးများ ချိုးဖောက်နေသောကြောင့် ပိုမိုတင်းကျပ်သော အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က တောင်းဆိုခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
၂၀၁၆ အမေရိကန်သမ္မတရွေးပွဲတွင် ရုရှားတို့ ကြားဝင်ခြေရှုပ်မှုကို စုံစမ်းစစ်ဆေးနေသည့် အထူးကောင်စီကို ဖယ်ရှားပစ်ရန် ကြိုးစားခဲ့သည်ဆိုသော အချက်ကို သမ္မတထရမ့်က ငြင်းဆိုလိုက်ပြီး နောက် အိမ်ဖြူတော်အကြံပေး ဒေါ်နယ်မက်ဂန်းက ငြီးငွေ့လာပြီဖြစ်သောကြောင့် အလုပ်ထွက်မည်ဟု ဇွန်လက ခြိမ်းခြောက်ခဲ့ကြောင်း အတွင်းသိတစ်ဦးက ပြောကြားသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
စီစဉ်ထားသည့်အတိုင်း ဇူလိုင်လလယ်တွင် သမ္မတရွေးပွဲများ ကျင်းပရန်အတွက် ဖြစ်နိုင်သမျှအရာရာကို လုပ်ဆောင်ရန် မာလီအစိုးရကို ကုလငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့အကြီးအကဲက တိုက်တွန်းလိုက်သည်ဟု VOA သတင်းတွင် ဖော်ပြထားသည်။
18-Jan-2018 tagged as သမ္မတ အမေရိကန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သိရှိခံစားမှုစွမ်းရည်သည် ပုံမှန်ဖြစ်ပြီး အကောင်းဆုံး ကျန်းမာရေးအခြေအနေတွင် ရှိနေသည်ဟု အိမ်ဖြူတော်ဆရာဝန်က သိရှိခံစားမှုဆိုင်ရာ စမ်းသပ်စစ်ဆေးမှုအပြီးတွင် ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။