News

POST TAGGED AS

သမ္မတ

မီဒီယာနဲ့မတည့်တဲ့ ချက်သမ္မတ သတင်းထောက်တွေကို ဘာလုပ်ပြသလဲ

မီဒီယာသမားဆိုရင် ကြည့်မရတတ်တဲ့ ချက်သမ္မတကြီးရဲ့ လုပ်ပြလိုက်ချက်ကြောင့် ဒီတစ်ခေါက်မှာတော့ ဂျာနယ်လစ်တွေ တိတ်ဆိတ်ဆွံ့အသွားခဲ့ပါတယ်။ သမ္မတမီလိုစ်ဇီမန်ဟာ သတင်းစာ ရှင်းလင်းပွဲရှိတယ်လို့ ပြောလိုက်ပါတယ်။ သတင်းထောက်တွေ မေးတာကို ဖြေရမယ့်အစား မီးသတ်သမားနှစ်ဦး ခြံရံပြီးတော့ ဧရာမအတွင်းခံဘောင်းဘီ အနီကြီးတစ်ခုကို အားလုံးရှေ့မှာ မီးရှို့ပြလိုက်ပြီး ပြန်ထွက်သွားပါတယ်။ အတွင်းခံ ဘောင်းဘီအနီက ဇာတ်လမ်းရှိပါတယ်။ ၂၀၁၅ တုန်းက တက်ကြွလှုပ်ရှားသူတွေဟာ သမ္မတတံဆိပ်အလံကို ဖြုတ်ချပြီး အတွင်းခံဘောင်းဘီအနီကြီး ချိတ်ပြဖူးပါတယ်။ ချက်နိုင်ငံမှာတော့ အနီရောင် အတွင်းခံဘောင်းဘီဆိုတာက သမ္မတရဲ့ ရုရှား၊ တရုတ်တို့နဲ့ နီးစပ်တဲ့အပေါ် လှောင်ပြောင်တဲ့ သင်္ကေတဖြစ်ပါတယ်။ အသက် ၇၂ နှစ်အရွယ် သမ္မတဇီမန်ဟာ မီဒီယာတွေကို ကြည့်မရဘဲ တစ်ခါတုန်းကလည်း ကစားစရာသေနတ်နဲ့ မီဒီယာသမားတွေဘက်ကိုချိန်ပြီး ဝှေ့ပြခဲ့ဖူးပါတယ်။

“ခင်ဗျားတို့ကို ငပေါလေးတွေနဲ့ တူအောင် လုပ်လိုက်မိတာ ဆောရီးပါ။ ခင်ဗျားတို့ဟာ ဒီလိုလုပ်ခံရဖို့ မထိုက်ပါဘူး”လို့ ခပ်ထေ့ထေ့ ပြောကြားသွားပါတယ်။

F-02



FOLLOW US