News

POST TAGGED AS

သမ္မတဟောင်း

ရိုးရှင်းစွာ ပြုမူနေထိုင်တတ်သည့် အကျင့်စရိုက်ကြောင့် ကမ္ဘာ့အဆင်းရဲဆုံး သမ္မတဟု သတ်မှတ်ခံထားရသော ဥရုဂွေးနိုင်ငံ၏ သမ္မတဟောင်း ဂျို့စ်မူဂျီကာက ၎င်းအနေနှင့် ဆီနိတ်တာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင့်ရရှိမည့် ပင်စင်ခံစားခွင့်ကို ရယူလိုခြင်းမရှိဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
ဘရာဇီးနိုင်ငံတွင် အဂတိလိုက်စားမှု စွဲချက်ကို အယူခံဝင်ထားသူ သမ္မတဟောင်း လူလာဒါဆီးလ်ဗားအား ထောင်ဒဏ် ၁၂ နှစ် ကျခံစေသည့် အထက်ခုံရုံး၏ ဆုံးဖြတ်ချက်သည် လူလာ၏ နိုင်ငံရေးဘဝကို အဆုံးသတ်သွားစေနိုင်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
တောင်အာဖရိကတွင် အသားအရောင်ခွဲခြားမှု တိုက်ဖျက်သူဖြစ်ပြီး သမ္မတကတော်လည်းဖြစ်ခဲ့သူ ဝင်နီမာဒီ ကီဇီလာမန်ဒဲလားသည် အသက် ၈၁ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း BBC သတင်းတစ်ရပ်က ရေးသားဖော်ပြထားသည်။
တောင်ကိုရီးယားသမ္မတဟောင်း လီမြောင်ဘတ်သည် အကျင့်ပျက်ခြစားမှုဖြင့် စွပ်စွဲခံရခြင်းအတွက် ဥပဒေအရာရှိများထံ စစ်ဆေးကြားနာမှု ခံယူပြီးနောက် ယင်းသို့ သတင်းများထွက်ခဲ့ခြင်းအတွက် တောင်းပန်ပါကြောင်း ပြောကြားခဲ့သည်ဟု AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။အသက် ၇၆ နှစ်ရှိပြီဖြစ်သော သမ္မတဟောင်း လီမြောင်ဘတ်၏ ဆွေမျိုးနှင့် တပည့်တပန်းများက ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ် သမ္မတသက်တမ်းအတွင်း လာဘ်ပေးလာဘ်ယူမှုများ ရှိခဲ့ဖူးသည်ဆိုသည့် စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
သမ္မတဟောင်း ဘီလ်ကလင်တန်နှင့် ဖောက်ပြန်ခဲ့သော အိမ်ဖြူတော် အလုပ်သင်ဝန်ထမ်းဟောင်း မော်နီကာလူဝင်းစကီးက ၎င်းတို့၏ ဆက်ဆံရေးသည် ကလင်တန်ဘက်မှ ဆိုးဆိုးရွားရွား အာဏာအလွဲသုံးမှုဖြစ်သည်ဟု Vanity Fair မဂ္ဂဇင်းတွင် ရေးသားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
ကျူးဘားနိုင်ငံ သမ္မတဟောင်းနှင့် ကွန်မြူနစ် တော်လှန်ရေး ခေါင်းဆောင်ကြီး ဖီဒယ်ကက်စထရို (အသက် ၉၀) သည် ယနေ့(နိုဝင်ဘာ ၂၆ ရက်)တွင် ကွယ်လွန်သွားပြီဖြစ်သည်ဟု ကျူးဘား နိုင်ငံပိုင် ရုပ်သံဌာနက သတင်းထုတ်ပြန်သည်။