News

POST TAGGED AS

သဘာဝ

တပ်မတော်အစိုးရလက်ထက်က ပြဋ္ဌာန်းခဲ့သော အမျိုးသားဆေးဝါးဥပဒေ အရ ပေါ်ပေါက်ခဲ့သော မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်များပါ ထည့်သွင်း၍ ပြင်ဆင်ဖွဲ့စည်းမည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်
ဂျပန် ကူးသန်းရောင်းဝယ်ရေး ကော်ပိုရေးရှင်း တစ်ခုဖြစ်သော Marubeni က ရန်ကုန်မြို့ အခြေစိုက် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ရုံကို အကြီးစား အဆင့်မြှင့်မှုများ ပြုလုပ်မည် ဖြစ်ကြောင်း Nikkei သတင်းဌာနက ဖော်ပြထားသည်။
02-Nov-2017 tagged as ခရီး ပြည် သဘာဝ
သဘာဝ အခြေခံခရီးသွားလိုသူများအတွက် ပဲခူးတိုင်း အနောက်ပိုင်း ပြည်မြို့နှင့် ငါးမိုင်အကွာ ရန်ကုန်-ပြည်ကား လမ်းဘေးနှင့် ဧရာဝတီမြစ်ဘေးရှိ နတ်မှော်ဆင်စခန်းကို နိုဝင်ဘာလ ၁ ရက်က ပြန်လည် ဖွင့်လှစ်လိုက်ပြီး ယခုနှစ်တွင် နှစ်တစ်ရာကျော် သက်တမ်းရှိ ကျွန်းစိုက်ခင်း ကြည့် အစီအစဉ်ကို ထည့်သွင်းထားကြောင်း ပဲခူးတိုင်းသစ် လုပ်ငန်း၊ ဒုတိယအထွေထွေ မန်နေဂျာ ဦးထွန်းထွန်းဦးက ပြောကြားသည်။
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း သဘာဝဘေး ဖြစ်ပွားမှုကြောင့် သေဆုံးသူ ၄၁ ဦးရှိကြောင်း ရှမ်းပြည်နယ်၊ လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထွန်းဦးက ပြောကြားသည်။
အရေးပေါ်သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကူညီဆောင်ရွက်နိုင်မည့် အသက်ကယ်ဆယ်နည်း ၂၄ မျိုးကို အောက်တိုဘာလ ၁၁ ရက်တွင် သာကေတ မြို့နယ်၊ ၁၀၈ တောင်ဘုရားတွင် သင်ကြားပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။
ထင်းလောင်စာအဖြစ်အသုံးပြုရန် အလွန်အကျွံ ခုတ်ယူမှုများကြောင့် ပြုန်းတီးမှု မြင့်မားနေသည့် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ရှိ ဒီရေတောများကို ထိန်းသိမ်းရေးအတွက် အမေရိကန် ဒေါ်လာနှစ်သန်း အသုံးပြုမည်ဖြစ်ကြောင်း World View International Foundation (WIF) အဖွဲ့ စီမံကိန်းမန်နေဂျာ ဦးဝင်းမောင်က ပြောကြားသည်။
ဆန်စပါး အဓိက စိုက်ပျိုးထုတ်လုပ်သော ဧရာဝတီတိုင်းတွင် စည်းကမ်းပျက် ဆန်စက်များကို အလွယ်တကူ သက်တမ်း တိုးပေးနေသဖြင့် ပြည်သူများ၏ ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ကြုံနေရကြောင်း ဓနုဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းက ပြောကြားသည်။
07-Aug-2017 tagged as သဘာဝ ဓာတ်ငွေ့
ပုသိမ်မြို့နှင့် အနောက်ဘက်မိုင် ၉၀ ခန့်အကွာ ရခိုင်ကမ်းလွန် လုပ်ကွက် အမှတ် A6 တွင် တစ်ရက်ပျမ်းမျှကုဗပေ သန်း ၅၀ ခန့်ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သိုက်ကို မြန်မာ အမျိုးသားပိုင် ရေနံကုမ္ပဏီက တွေ့ရှိခဲ့သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားသည်။
26-Jul-2017 tagged as သဘာဝ ဓာတ်ငွေ့
ကျောက်ဖြူမြို့နယ်၊ မဒဲကျွန်းဆိပ်ကမ်းရှိ တရုတ်ပြည်သို့ သွယ်တန်းထားသော ရေနံပိုက်လိုင်းမှ သုံးလကျော်အတွင်း ရေနံတန်ချိန် ၁၃ သိန်း ပို့လွှတ်ပြီးဖြစ်ကြောင်း အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ SEAGP ထံမှ သိရသည်။
နိုင်ငံတကာမှ လာရောက်ရင်းနှီးမြှုပ်နှံသူများ လုပ်ဆောင်မည့်လုပ်ငန်းများတွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စများ ငှားရမ်း အသုံးပြုနိုင်ရန် EIA လုပ်ငန်း လုပ်ကိုင်မည့်သူများကို အကြံပေးအဖြစ် အသိအမှတ်ပြုလိုင်စင် ထုတ်ပေးမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းက ပြောကြားသည်။