News

POST TAGGED AS

သဘာဝ

ပြောင်းလဲလာသော ရာသီဥတုနှင့်အတူ ကြိုတင်ပြင်ဆင်ခြင်း၊ သတင်းအချက်အလက်မျှဝေခြင်းနှင့် လက်တွေ့အသုံးချနိုင်ခြင်း အတွေ့အကြုံဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ဖေဖော်ဝါရီလ ၁၉ ရက်က ဘားအံမြို့နယ်၊ တော်ဝင်ရတနာဟိုတယ်တွင် ကျင်းပခဲ့သည်။
သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကြီးလေးရုံတည်ဆောက်မည်ဆိုသော ကြေညာချက်သည် နဂိုနေမပျက်သေးသည့် သံလွင်မြစ်၏ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည့် ရေအားလျှပ်စစ် ထုတ်လုပ်ရေး ဆည်ကြီးများဘေးမှ ကာကွယ်ပေးနိုင်မည်လော။
တရားမဝင်ရွှေတူးဖော်ရေး စက်ယန္တရားကြီးများ တင်ဆောင်လာသော မော်တော်ယာဉ်များ ရွှေကျင်မြို့ထဲ မဝင်ရောက်ရေး မြို့ခံများက တားမြစ်သဖြင့် မြို့အဝင်တွင် ရပ်ထားကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက ပြောကြားသည်။
ရန်ကုန်မြို့ အလုံမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ၃၅၆ မဂ္ဂါဝပ်ထုတ်လုပ်မည့် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ပထမဆုံး စီမံကိန်းကို ဇန်နဝါရီလကုန်မှစ၍ ၂၈ လအတွင်း အကောင်အထည်ဖော်ရန် စီစဉ်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးဌာနထံမှ သိရသည်။
ပဲခူးတိုင်း ရေတာရှည်မြို့နယ် မြို့လှသစ်တောကြိုးဝိုင်းထဲက နှစ် ၁၀၀ ကျော် သက်တမ်းရှိသည့် ကညင်ပင် ခုတ်ယူခဲ့သူသုံးဦးကို ဇန်နဝါရီလ ၂၄ ရက် နံနက် ၁ နာရီက ဖမ်းမိခဲ့ကြောင်း ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။
လေဘေးဒဏ်ခံ အဆောက်အအုံ (Cyclone Shelter) ၈၆ လုံးကို ကျပ် (၁၅.၉၇၃) ဘီလီယံ အကုန်အကျခံ၍ ယခုနှစ်အတွင်း အပြီးတည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ နတ်မတောင် အမျိုးသားဥယျာဉ်အတွင်းရှိ ခေါနူးစုမ် (ခေါ်) ဝိတိုရိယတောင်ပေါ်တွင် ခရီးသွားဧည့်သည်များအတွက် ယင်လုံအိမ်သာများ တည်ဆောက်ပေးရန် လိုအပ်ကြောင်း မင်းတပ်မြို့နေ ဆလိုင်းကီးရှိန်းက အကြံပြုပြောကြားသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ကွက်များ ချပေးခြင်းမရှိသည့်အတွက် ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခြင်း မရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံအတွင်း၂၀၁၃ ခုနှစ်မှ ယခုနှစ်၂၀၁၇ စက်တင်ဘာလကုန်အထိ ငါးနှစ်အတွင်း EU (ဥရောပသမဂ္ဂ) နိုင်ငံများက အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။
06-Nov-2017 tagged as သဘာဝ ဓာတ်ငွေ့
ယခုဘဏ္ဍာနှစ်စမှ အောက်တိုဘာ လကုန်ပိုင်းအထိ ပြည်ပနိုင်ငံများသို့ ပို့ကုန်များတင်ပို့မှုသည် အမေရိကန် ဒေါ်လာသန်း ၇၀ဝ၀ ကျော်အထိ ရှိကြောင်း စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။