News

POST TAGGED AS

သဘာဝ

ယခင် ၁၉၈၈ ခုနှစ်လောက်ထိ ရာသီဥတုဆိုးရွားလို့ ရေကြီးရေလျှံတာ၊ ကမ်းပြိုတာ၊ လူသေဆုံးတယ်ဆိုတာ ရှားမှရှားပဲ။ သဘာဝသစ်တောကြီးတွေက ၇၀ ရာခိုင်နှုန်း အုပ်ဆိုင်းထားတော့ တော်ရုံပြင်းထန်တဲ့ မုန်တိုင်းလောက်ကို မမှုရေးချမမှုပါ။ လူသေဆုံးမှု မိုးကြိုးစက်ကွင်းနဲ့မလွတ်လို့ သေဆုံးတယ်ဆိုတာ မကြားသလောက်ပါပဲ။ ၂၀၀၀ ပြည့်နှစ်မှာ သစ်တောဧက ၅၇ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ ၄၃ ရာခိုင်နှုန်း အထိ သဘာဝသစ်တောတွေ ကျန်ရစ်ခဲ့တဲ့နည်းတူ သဘာဝဘေးဆိုး၊ ရေကြီး၊ ရေလျှံ၊ ကမ်းပြို၊ မြေပြိုမှုတွေ တစ်နိုင်ငံလုံးကြုံတွေ့လာရတယ်။
မန္တလေးတိုင်း သဘာဝဘေးတုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့အနေနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည့် မကွေးတိုင်းတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ကူညီလုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်အတွင်းတွင် ဆင်စွယ်အပါအဈင် တောရိုင်းတိရစ္ဆာန် ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် ဂျိုအစုံပါ တိရစ္ဆာန်ဦးခေါင်းပေါင်း ၅၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း အင်ပင်နယ်မြေရဲခစန်းမှ စခန်းမှူး ရဲအုပ်​ဟန်​​ဇော်​ထွန်းက ​ပြောကြားသည်​။
ဧရာဝတီတိုင်းအတွင်း မိုးကာလတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်တတ်သဖြင့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ စီမံဆောင်ရွက်ထားကြောင်း တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောသည်။
သဘာဝဘေးသင့်မှု အရေးပေါ်ကာလများတွင် ခိုလှုံနိုင်ရန် ပြည်နယ်နှင့်တိုင်းလေးခု၌ အဆောက်အအုံ ၈၇ လုံး ဆောက်လုပ်ရန်စီစဉ်နေပြီး ယခုနှစ်အတွင်း လုပ်ငန်းစတင်မည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးအောင်က ပြောကြားသည်။
မန်ချက်စတာတက္ကသိုလ်မှ သုတေသနအစီရင်ခံစာသစ်တွင် ယူကေ၏ ချောကလက်ထုတ်လုပ်မှုသည် သဘာဝပတ်ဝန်းကျင်နှင့် ချောကလက်ချစ်သူများ နှစ်ခုစလုံးကို ထိခိုက်စေနိုင်သည်ဟု တင်ပြထားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မာန်အောင်၊ ပေါက်တော၊ တောင်ကုတ်၊ ကျောက်ဖြူ အပါအဝင် မြို့နယ် ၈ ခုတွင် သဘာဝဘေးဒဏ်ခံ အဆောက်အအုံ့ ၂၆ လုံးကို အမျိုးသား သဘာဝဘေးရန်ပုံငွေဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှူး ဦးကျော်မင်းက ပြောသည်။
10-Mar-2018 tagged as သဘာဝ ဓာတ်ငွေ့
ထိုသို့ ကြီးမားသောအလုပ်ကို လုပ်နိုင်ရန်အတွက် လူနှင့်ပစ္စည်းများ၏လုံခြုံမှု (Safety) မှာ အရေးကြီးလာသည်။ LNG မှာ ဓာတ်ဆီနှင့် ဓာတ်ငွေ့များ တင်ပို့သလိုပင် ဂရုမစိုက်ပါက အန္တရာယ်အများကြီး ဖြစ်နိုင်သည်။ ဓာတ်ငွေ့ရည် လေထုအတွင်းသို့ လွတ်ထွက်မသွားစေရန် အမြဲဂရုစိုက်ရသည်။
ရခိုင်ပြည်နယ် အမ်းမြို့တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကြောင့် လျော်ကြေးပေးရေးအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ပိုက်လိုင်း စီမံကိန်းကုမ္ပဏီ CNPC တို့ဘက်မှ သီးနှံလျော်ကြေး တွက်ချပေးရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသဖြင့် တောင်သူများမှာ လျော်ကြေးအပြည့်အဝ မရရှိသေးကြောင်း ပိုက်လိုင်းရေးရာ စောင့်ကြည့်လှုပ်ရှားရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
သဘာဝဘေးအန္တရာယ်နှင့် ငလျင်ဘေးအန္တရာယ် ကျရောက်ပါက အသက်ဘေးလွတ်ရန် နေထိုင်ရှောင်ရှားနည်းနှင့် ရှာဖွေကယ်ဆယ်ရေး လက်တွေ့သရုပ်ပြခြင်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြည်မြို့တွင်ပြုလုပ်ခဲ့သည်။