News

POST TAGGED AS

သဘာဝ

ပဲခူးတိုင်း လစ်လပ်ဝန်ကြီးနှစ်ဦးနေရာ အစားထိုးခန့်
တောင်ငူ၊ ဇန်နဝါရီ ၂၅

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်နေသည့် တိုင်းဒေသကြီး ဝန်ကြီးနှစ်နေရာကို ဇန်နဝါရီလ၂၅ ရက်နေ့က အစားထိုးခန့်အပ်ခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။

ပဲခူးတိုင်းဒေသကြီး ဒုတိယအကြိမ် လွှတ်တော် ၁/၂၀၁၈ အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်က ကျင်းပခဲ့ရာတွင် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက အစားထိုးခန့်အပ်မည့် ဝန်ကြီးနှစ်ဦး၏ အမည်စာရင်းကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ဘယ်နေ့ ကျမ်းကျိန်ရမယ်ဆိုတာ မပြောတတ်သေးပါဘူး။ ပြည်ထောင်စုအစိုးရအဆင့်ကိုတင်ပြီးမှ ပြန်ကျမှ လုပ်ရမယ်လို့ထင်ပါတယ်”ဟု သယံဇာတ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနေရာ အတည်ပြုခံထားရသည့် သနပ်ပင်မြို့နယ် တိုင်းဒေသကြီး၊ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စောညိုဝင်းက ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့က နုတ်ထွက်ခဲ့ကြသည့် စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဦးမောင်မောင်လွင်၏ နေရာတွင် အုတ်ဖိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညွန့်ညွန့်ဌေးကို လည်းကောင်း၊ သယံဇာတ၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံနေရာတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောညိုဝင်းကို လည်းကောင်း အမည်စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အရေးပေါ်အစည်းအဝေးကို ပဲခူးတိုင်းဒေသကြီး လွှတ်တော်ခန်းမဆောင်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က စတင်ကျင်းပခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦးရှိသည့်အနက် ခြောက်ဦးခွင့်ယူ၍ ၆၉ ဦး တက်ရောက်ခဲ့ကြကာ ဝန်ကြီးနေရာအမည်စာရင်းကို အတည်ပြုခဲ့ကြခြင်းလည်း ဖြစ်သည်။

R-15



FOLLOW US