News

POST TAGGED AS

သဘာဝ

မြန်မာ့ပင်လယ်ပြင်အတွင်း ဆီယိုဖိတ်မှု အပါအဝင် ရေထုညစ်ညမ်းမှုကို ဥပဒေနှင့်အညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု ကာကွယ်ရေးစီမံချက်ကို ယခုနှစ်အတွင်း အပြီး ရေးဆွဲမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူက ပြောကြားသည်။
ယခုအခါတွင် မြို့သစ်များ၌ စည်ပင်သာယာမှ ရေပေးဝေမှုစနစ်များ ဆောင်ရွက်လျက်ရှိနေပြီဖြစ်သော်လည်း ထို့ထက်ပိုမိုသော လုပ်ဆောင်မှုများဖြင့် ရန်ကုန်မြို့တော်ကြီးကို ကူညီကယ်တင်ရေးအတွက် ရေရှည်အစီအမံများချမှတ်၍ ကန့်သတ်မှုများ ချမှတ်ဆောင်ရွက်သင့်ပြီ ဖြစ်ပါသည်။
ဂျပန်တွေက ငွေကြေးအင်အား၊ ပစ္စည်းပစ္စယအင်အား၊ နည်းပညာအင်အား ကောင်းတယ်။ မြို့ကို ပင်လယ်ရေလှိုင်းတွေ ပုတ်နိုင်လို့၊ မြစ်ရေကြီးနိုင်လို့ဆိုတဲ့ အခြေအနေမျိုးမှာဆိုရင် တာရိုးမြင့်မြင့်ကြီးတွေကို ငွေကြေး အမြောက်အမြား အကုန်အကျခံပြီး တည်ဆောက်ထားလိုက်တယ်။ တချို့နေရာတွေမှာ မြို့ရဲ့မြေပြင်ကို မြေဖို့ပြီး မြှင့်လိုက်ကြတယ်။ တချို့မြို့လေးတွေကျတော့ နိမ့်တဲ့အပိုင်းကအိမ်တွေကို တောင်ကုန်းပေါ်မြေထိုးညှိပြီး ပြန်လည်နေရာချထားရေး လုပ်လိုက်ကြတယ်။ တချို့မြို့လေးတွေကျတော့ တစ်မြို့လုံးကို မြင့်ရာရွှေ့ပစ်လိုက်နိုင်ကြတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့တွင် ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး လူနေအိမ်များအတွင်း ရေများဝင်ရောက်လာသဖြင့် ပြောင်းရွှေ့နေထိုင်ရသည့် အိမ်ထောင်စု ၆၆ စုအထိ ရှိလာကြောင်း ကလေးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဇူလိုင်လ ၂၃ ရက်နေ့မှစကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုးစပါး၊ ပဲမျိုးစုံ၊ နှမ်းနှင့် အခြားဟင်းသီးဟင်းရွက် စိုက်ဧကပေါင်း ခုနစ်သိန်းခွဲကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက ကြိုတင်အသုံးပြုရန် Cyclone Shelter ၅၄ လုံးကို ဆောက်လုပ်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်က ဇူလိုင် ၃၀ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
ကရင်ပြည်နယ်အတွင်း အရေးပေါ် သဘာဝဘေးအန္တရာယ်များ တွေ့ကြုံပါက အသုံးပြုနိုင်ရန်အတွက် ထောက်ပံ့ငွေ ကျပ်သိန်းတစ်ထောင်ကို ယင်းပြည်နယ်အစိုးရသို့ပေးအပ်ခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းထွဋ်ဆွေက ပြောကြားသည်။
ဂျပန်နိုင်ငံအနောက်ဘက်ဒေသတွင် နှစ်ပေါင်း ၃၆ နှစ်အတွင်း အဆိုးရွားဆုံးအနေအထားဖြင့် ဖြစ်ပေါ်ခဲ့သော မိုးသည်းထန်စွာရွာပြီး ရေလွှမ်းမိုးမှုကြီးကြောင့် သေဆုံးသူဦးရေ ၂၀၀ နီးပါးခန့်ရှိသွားပြီဖြစ်ပြီး ယခုအခါ ယင်းဒေသများတွင် အပူချိန်မြင့်တက်မှုနှင့် သောက်သုံးရေပြတ်လပ်မှုတို့ကြောင့် ကူးစက်ရောဂါများ ပျံ့နှံ့ဖြစ်ပွားမည့်အနေအထားသို့ ရောက်ရှိနေကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
ကမ္ဘာမြေချစ်သူဆုကို မြန်မာနိုင်ငံ တွင် စတင်ရွေးချယ်ပေးအပ်ခဲ့သည့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်လည်းဖြစ်သူ သယံဇာတနှင့် ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (ျွင်္နီဗ)မှ ဥက္ကဋ္ဌဟောင်း ဦးအုန်းသည် ဇူလိုင်လ ၁၁ ရက်နေ့ နံနက်က ၎င်း၏နေအိမ်၌ လူကြီးရောဂါဖြင့် အသက် ၉၁ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။
ယခင် ၁၉၈၈ ခုနှစ်လောက်ထိ ရာသီဥတုဆိုးရွားလို့ ရေကြီးရေလျှံတာ၊ ကမ်းပြိုတာ၊ လူသေဆုံးတယ်ဆိုတာ ရှားမှရှားပဲ။ သဘာဝသစ်တောကြီးတွေက ၇၀ ရာခိုင်နှုန်း အုပ်ဆိုင်းထားတော့ တော်ရုံပြင်းထန်တဲ့ မုန်တိုင်းလောက်ကို မမှုရေးချမမှုပါ။ လူသေဆုံးမှု မိုးကြိုးစက်ကွင်းနဲ့မလွတ်လို့ သေဆုံးတယ်ဆိုတာ မကြားသလောက်ပါပဲ။ ၂၀၀၀ ပြည့်နှစ်မှာ သစ်တောဧက ၅၇ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်မှာ ၄၃ ရာခိုင်နှုန်း အထိ သဘာဝသစ်တောတွေ ကျန်ရစ်ခဲ့တဲ့နည်းတူ သဘာဝဘေးဆိုး၊ ရေကြီး၊ ရေလျှံ၊ ကမ်းပြို၊ မြေပြိုမှုတွေ တစ်နိုင်ငံလုံးကြုံတွေ့လာရတယ်။