News

POST TAGGED AS

သပိတ်

23-Aug-2017 tagged as သပိတ်
ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးတွင် သပိတ်စခန်းဖွင့်သူများကို ယင်းမြို့နယ်တရားရုံးက ဖမ်းဝရမ်း ထုတ်ပေးထားသော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်မှု မရှိသေးပေ။
05-Aug-2017 tagged as သပိတ်
ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ကြေးသွန်း ဘုရားကြီးရှေ့တွင် သပိတ်စခန်းဖွင့်သူများကို သြဂုတ်လ ၄ ရက် မွန်းလွဲပိုင်းက ယင်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
05-Aug-2017 tagged as သပိတ်
ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ် ကြေးသွန်းဘုရားအနီးရှိ အစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို ယနေ့(သြဂုတ်လ ၅ ရက်) ညနေပိုင်းတွင် သပိတ်ဦးဆောင်သူများ၏ ၎င်းတို့၏ သဘောဆန္ဒအလျောက် ယာယီ ပိတ်သိမ်းခဲ့သည်။
05-Aug-2017 tagged as သပိတ်
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်အတွင်း သာသနာ ၂၅၀၀ ဗိမာန်တော်ဝန်းအတွင်းမှာ အစိုးရကို ဆန့်ကျင်သည့် သပိတ်စခန်း သြဂုတ်လ ၅ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ်အချိန်မှာပဲ ရဲတပ်ဖွဲ့က ဝင်ရောက်ဖျက်သိမ်းခဲ့ပါတယ်။
04-Aug-2017 tagged as သပိတ်
ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်အနီးရှိ ကြေးသွန်းဘုရား၌ ဖွင့်လှစ်ထားသော သပိတ်စခန်း နေရာပြောင်းရွှေ့ခြင်း မပြုလုပ်လျှင် ဥပဒေအတိုင်း ရှင်းလင်း ဖယ်ရှားရန် စီစဉ်နေကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိ သူတစ်ဦးက ပြောသည်။
28-Jul-2017 tagged as သပိတ် မန္တလေး
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ၆၂ လမ်း၊ ၂၄ လမ်းနှင့် ၂၅ လမ်းကြားတွင် ဖွင့်လှစ်ထားသည့် တောင်သူများ၏ သပိတ်စခန်းကို ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၂ နာရီခန့်အချိန်က ရဲတပ်ဖွဲ့ အင်အား ၁၀၀ ကျော်ခန့်ဖြင့် ဖြိုဖျက်ခဲ့ပြီး တောင်သူနှင့် တောင်သူအရေး ကူညီဆောင်ရွက်သူ ၁၁ ဦးကိုလည်း ငြိမ်းစုစီ ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သပိတ်စခန်း ဖွင့်တောင်သူများထံမှ သိရသည်။
14-Sep-2016 tagged as သပိတ်
"ချောင်းကြီး ရေအေးကွင်းမှာ တရုတ်တွေနဲ့ ကားတွေအများကြီးမိတာကို ကားသုံးစီးထဲ ဖမ်းတာ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲတွေပါ။ တရားမဝင် မှောင်ခိုလုပ်ငန်းတွေကို ပြည်သူတွေက တင်ပြ တိုင်ကြားနေတာကိုလည်း အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်မှု မရှိဘဲ မျက်ကွယ်ပြုတာလည်း ဒီဝန်ထမ်းတွေပါ ပဲ။ နှစ်ကာလရှည် စိုက်ပျိုးလာတဲ့ တောင်သူတွေ တရားစွဲခံရလို့ တရားရင်ဆိုင်နေရတာလည်း ဒီဝန်ထမ်းတွေကြောင့်ပါ။ ဒါတွေကို အရေးမယူဘူးဆိုရင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့မှာ ကျေးရွာဒေသခံတွေ ထိုင်သပိတ်ဆင်နွှဲမယ်"