News

POST TAGGED AS

သပိတ်ကျင်း

06-Aug-2017 tagged as သပိတ်ကျင်း
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် အုန်းဇုန်းကျေးရွာအုပ်စု ကွင်း (၃၀) ကျေးရွာမြောက်ဘက်ရှိ ရွှေသီဟမြန်မာစည်သူ ကုမ္ပဏီဟောင်းတွင် လူတစ်စုက ဓားဖြင့်ခုတ်ကာ ငွေနှင့်ရွှေဖြုန်း (ရွှေစပါသည့် မြေသားအစိုင်အခဲ) အိတ်များ လုယူမှု ဖြစ်ပွားခဲ့ကြောင်း သပိတ်ကျင်း မြို့မရဲစခန်းထံမှ သိရှိရသည်။
05-Aug-2017 tagged as သပိတ်ကျင်း
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ၇ မိုင်ကျေးရွာအုပ်စု အုန်းတကူးကျေးရွာအနီးတွင် ပြောက်ကျားဝတ်စုံများ ဝတ်ဆင်ထားပြီး လက်နက်ကိုင်ဆောင်သူများ ဝင်ရောက်လာသည်ကို တွေ့ရှိရကြောင်း အမျိုးသမီးတစ်ဦး၏ အဆိုအရ တပ်မတော် စစ်ကြောင်းနှစ်ခုက လိုက်လံရှာဖွေခဲ့ရာ ပြောက်ကျားဝတ်စုံများ ဝတ်ထားပြီး အလုပ်လာလုပ်သည့် လီဆူတိုင်းရင်းသားများ ဖြစ်နေကြောင်း ကျောက်ကြီးကျေးရွာ၊ အမှတ် (၁) သိပ္ပံနည်းပညာတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
16-Jul-2017 tagged as သပိတ်ကျင်း
ရွှေသတ္ထု ထွက်ရှိရာဒေသ ဖြစ်သော မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အုံးဇုံးကျေးရွာအုပ်စု ဇရပ်ကွင်းကျေးရွာ အမှတ် ၇ သီရိတံခွန်ရပ်ကွက်တွင် ဒေသခံပြည်သူများ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီတစ်ခု ယနေ့ (ဇူလိုင်လ ၁၆ ရက်) က ဖွဲ့စည်းတည်ထောင်ခဲ့သည်။
11-May-2017 tagged as သပိတ်ကျင်း
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဝါးဖြူတောင်ကျေးရွာအုပ်စု ပိုးဇာကျေးရွာနှင့် ညောင်ပင်သာ ကျေးရွာအကြား ဇဋီးချောင်း၏ တောင်ဘက်တွင် တရားမဝင် ကျောက်မျက် တူးဖော်မှုများ ရှိနေသည့်အတွက် ဖမ်းဆီးအရေးယူမည်