News

POST TAGGED AS

သပိတ်ကျင်း

ဆေးတက္ကသိုလ်(မန္တလေး) မှ တတိယနှစ်ကျောင်းသား ကိုဟိဏ်းမင်းစိုးမှာ ဒီဇင်ဘာ ၂၃ ရက်ညက မိဘများနေထိုင်ရာ သပိတ်ကျင်းသို့ ခေတ္တပြန်လာစဉ် ယာဉ်တိုက်ခံရမှုကြောင့် သေဆုံးခဲ့သည်။
သပိတ်ကျင်းမြို့နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရေး ဆောင်ရွက်စဉ် ဒေသခံတစ်ဦးကို ပါးရိုက်ခဲ့သည်ဟု တိုင်ကြားခံရသည့် ရဲတပ်ဖွဲ့ဝင်ကို စစ်ဆေးမည်ဖြစ်ကြောင်း သပိတ်ကျင်းမြို့ တရားရုံး ဒုမြို့နယ်တရားသူကြီး ဦးဇော်စံလူက ပြောကြားသည်။
21-Dec-2017 tagged as သပိတ်ကျင်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှ ပါတီဝင် လူငယ်များကို ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အွန်လိုင်း မီဒီယာသင်တန်းပေးလျက်ရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သပိတ်ကျင်းမြို့နယ်ဥက္ကဋ္ဌ ဦးထွန်းတင့်က ပြောကြားသည်။
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်အတွင်း အစိုးရဘတ်ဂျက်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော လမ်း၊ တံတား၊ ဘောလုံးကွင်းအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ ဆောင်ရွက်ခြင်းမရှိပါက ကုမ္ပဏီများကို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးက ပြောကြားသည်။
07-Dec-2017 tagged as သပိတ်ကျင်း
သပိတ်ကျင်းမြို့ပေါ်ရပ်ကွက် နှစ်ခု အပါအဝင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ဒီဇင်ဘာလ ၅ ရက်နေ့က ကြီးကြပ်ရေးမှူးအဖွဲ့များကို စွမ်းရည်မြှင့်ရေး သင်တန်းပေးကာ ဒေသန္တရစည်းကမ်း ထုတ်ပြန်ခဲ့ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးက ပြောသည်။
03-Dec-2017 tagged as သပိတ်ကျင်း
သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ရေထွက်ကျေးရွာဒေသခံ အမျိုးသားတစ်ဦးကို လူပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ရေးဥပဒေဖြင့် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ယင်းမြို့နယ်ရဲစခန်း မှ ရဲအုပ်မြင့်သိန်းက ပြောကြားသည်။
မန္တ​လေးတိုင်းဒေသကြီး သပိတ်​ကျင်းမြို့၏ အ​နောက်​ဘက်​ ၄ မိုင်​ခန့်​အကွာတွင် ယနေ့ (ဒီဇင်​ဘာလ ၁ ရက်​​) ည ၆ နာရီ ၂၈ မိနစ် အချိန်​နှင့်​ ၃၀ မိနစ်အချိန်​များတွင်​ ၂.၄ ရစ်(ခ်)တာစကေးရှိ ငလျင်​ လှုပ်​ခတ်ခဲ့ပြီး ည ၇နာရီ ၁၅ မိနစ်၊ ၇ နာရီ ၃၂ မိနစ်​ နှင့် ၈နာရီ ၁၅ မိနစိအချိန်​များတွင်​ မြို့၏ အ​ရှေ့​တောင်​ဘက်​ ၁၅ မိုင်​ခန့်​အကွာ ဗဟိုပြု၍ ၃.၇ အဆင့်​ရှိ ငလျင်​များ လှုပ်​ခတ်ခဲ့​ကြောင်း ယင်းမြို့နယ်​ မိုး​လေဝသနှင့်​ ဇလ​ဗေဒညွန်ကြားမှုဦးစီးဌာန တာဝန်​ခံ ဦးတင်​​မောင်​မြင့် ပြောသည်​။
မန္တလေးတိုင်း အစိုးရအဖွဲ့အနေနှင့် ဒေသခံများ၏ တောင်းဆိုချက်များကို ဥပဒေဘောင်အတွင်းကနေ၍ ဖြေရှင်းပေးနေကြောင်း မန္တလေးတိုင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ပြောကြားသည်။
16-Nov-2017 tagged as သပိတ်ကျင်း
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြန်လည် ရွေးချယ်မည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများ၌ ဥပဒေနှင့်ညီညွှတ်ပါက လူထုဆန္ဒမဲစနစ်ဖြင့် အုပ်ချုပ်ရေးမှူးဟောင်းများကို ပြန်လည် ရွေးချယ်ခန့်အပ်ပေးနိုင်ကြောင်း သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးက ပြောကြားသည်။
13-Nov-2017 tagged as သပိတ်ကျင်း
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် အနေနှင့် လုပ်ငန်းဆောင်ရွက်မှု အားနည်းနေသည်ဆိုကာ ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ တိုင်ကြားရန်ရှိကြောင်း သပိတ်ကျင်းဒေသ ကောင်းကျိုးလိုလားသူများအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ကြီးက ပြောကြားသည်။