News

POST TAGGED AS

သပိတ်ကျင်း

သပိတ်ကျင်းတွင် ယမ်းပေါက်ကွဲမှုကြောင့် နှစ်ဦးသေ
သပိတ်ကျင်း၊ ဇန်နဝါရီ ၁၃

သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ရေထွက်ကျေးရွာအနီးရှိ ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခု၌ ဇန်နဝါရီ လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ယမ်းပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သပိတ်ကျင်းမြို့မရဲစခန်းထံမှ သိရသည်။

ရေထွက်ကျေးရွာအနီးတွင် ရွှေတူးဖော်ထုတ်လုပ်နေသော မွန်ကြည်ဖြူကုမ္ပဏီ လုပ်ကွက်အမှတ် TPK-203 ဝင်းအတွင်း ကျောက်မိုင်းခွဲရာ၌ အသုံးပြုသောယမ်းများ မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု အဆိုပါနေရာသို့ သွားရောက်စစ်ဆေးခဲ့သော ဒုရဲအုပ်ဆန်းဦးက ပြောကြားသည်။

“ကုမ္ပဏီလုပ်ကွက်တာဝန်ခံက အလုပ်သမားတွေကို လုပ်ငန်းမှာသုံးဖို့ ယမ်းချက်ခိုင်းတဲ့အချိန် ပေါက်ကွဲမှုဖြစ်တာပါ”ဟု ၎င်းက ပြောဆိုသည်။

ယင်း ယမ်းပေါက်ကွဲမှုကြောင့် အသက် ၃၀ အရွယ်ရှိ ရောင်စဉ်ဆိုသူနှင့် အသက် ၄၅ နှစ်အရွယ်ရှိ ဦးမင်းမော်တို့ သေဆုံးခဲ့သည်ဟု အဆိုပါအရာရှိက ရှင်းပြသည်။

လက်ရှိတွင် ကုမ္ပဏီလုပ်ကွက် တာဝန်ခံ ဦးတူးကို (ပ) ၁၁၂/၂၀၁၈ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၂၈၆/၃၀၄ ရေးဖွင့်ထားပြီး ၎င်းကို ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု သပိတ်ကျင်းမြို့မရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ်ဆန်းဦးက ပြောကြားသည်။ 

R-05




FOLLOW US