News

POST TAGGED AS

သပိတ်ကျင်း

သပိတ်ကျင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးရုံတက်နေသော လူနာများကို အရက်မူးနေသည့် ဒုရဲအုပ်တစ်ဦးက သေနတ်ဖြင့် ခြိမ်းခြောက်မှုတစ်ခု ဩဂုတ်လ ၄ ရက်နေ့ ညနေ ၆ နာရီခန့်က ဖြစ်သွားခဲ့ကြောင်း ယင်းဆေးရုံတွင် ဆေးကုသခံယူနေသော လူနာများထံမှ သိရသည်။
ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရန် “ရွှေသပိတ်ကျင်းဒေသ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ” အမည်ဖြင့် အများပိုင်ကုမ္ပဏီသစ်တစ်ခုကို သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။
သပိတ်ကျင်းမြို့နယ်အတွင်းရှိ ဇရပ်ကွင်းကျေးရွာတွင် သင်တန်းတက်နေသည့် မူလတန်းပြကျောင်းဆရာများကို အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ရိုက်နှက်ခဲ့သည်ဆိုသော ကိစ္စကို အဖွဲ့စုံဖြင့်စစ်ဆေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးနှင့် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
သပိတ်ကျင်းမြို့နယ်အတွင်း ပိုင်ရှင်မဲ့ ဖမ်းဆီးရမိထားသော ကျွဲ၊ နွားများကို ထိန်းကျောင်းပေးရန် ဒေသခံများထံ အပ်နှံထားရာ ပြန်မအပ်နိုင်သူများကို ကျပ်ခုနစ်သိန်းခွဲစီ ဒဏ်ရိုက်မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးက ပြောကြားသည်။
သပိတ်ကျင်းမြို့နယ် ချောင်းကြီးကျေးရွာအုပ်စု ရေထွက်ကျေးရွာအနီးရှိ ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခု၌ ဇန်နဝါရီ လ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ယမ်းပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သပိတ်ကျင်းမြို့မရဲစခန်းထံမှ သိရသည်။
ကုမ္ပဏီများအနေနှင့် အစိုးရအမိန့် တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ပါက ကျပ်သိန်း ၅၀ ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း ကုမ္ပဏီများဥပဒေ ပြဋ္ဌာန်းရေးနှင့် ဥပဒေပြုရေးကော်မတီက ဇန်နဝါရီလ ဒုတိယပတ်တွင် ထုတ်ပြန်လိုက်သည်။
သပိတ်ကျင်းမြို့နယ် ကြာညှပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်ရေးအဖွဲ့အနေနှင့် ဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းမရှိသည့်အတွက် ဥပဒေနှင့်အညီ ပြန်လည်ရွေးချယ်ပေးရန် မန္တလေးတိုင်းဝန်ကြီးချုပ်ထံ ဇန်နဝါရီလ ၇ ရက်နေ့က စာတင်ထားကြောင်း ကြာညှပ်ကျေးရွာ ဒေသခံများထံမှ သိရသည်။
04-Jan-2018 tagged as သပိတ်ကျင်း
စဥ့်ကူးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်ဝင်းမြင့် မောင်းနှင်လာသော ကားနှင့် ဆိုင်ကယ်တစ်စီးတို့ တိုက်မိမှု ဇန်နဝါရီလ ၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်နောက်တွင် ထိုင်၍ လိုက်ပါလာသူတစ်ဦး သေဆုံးသွားခဲ့ကြောင်း အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင် ပြောကြားသည်။
သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်းကျေးရွာမှ အမျိုးသမီးတစ်ဦးကို ဒီဇင်ဘာလ ၃၀ ရက်နေ့ ညပိုင်းတွင် လူတစ်စုက လက်သီးနှင့် ထိုးကြိတ်ခဲ့ကြရာ ကျူးလွန်သူများကို လက်ရှိအချိန်အထိ ဖမ်းမမိသေးကြောင်း ယင်းကျေးရွာ ရဲကင်းမှူး ရဲအုပ်မြင့်သိန်းက ပြောကြားသည်။
ပြည်သူ့ဘဏ္ဍာငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လေ့လာစောင့်ကြည့်နိုင်ရန် သပိတ်ကျင်းမြို့နယ်လုံးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းမည်ဖြစ်ကြောင်း ယင်းမြို့နယ် အဖွဲ့အစည်းဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်လင်းက ပြောကြားသည်။