News

POST TAGGED AS

သတင်းထောက်

လွှတ်တော်ကို ဒရုန်းဖြင့်ရိုက်ကူးရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံထားရသူ (၄) ဦးကို စွဲဆိုထားသည့်အမှုများကို ပြန်လည် ရုပ်သိမ်းခွင့်ပြုရန် တရားလိုဘက်မှ လျှောက်ထားခြင်းကြောင့် ၂၀၁၈ ဇန်နဝါရီ ပထမပတ်အတွင်း ပြန်လည်လွတ်မြောက်တော့မည်ဖြစ်ကြောင်း ၎င်းတို့ကို ရှေ့နေလိုက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားလိုက်သည်။
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းက ခိုးဝင်ဘင်္ဂါလီရှစ်ဦးကို အိမ်၌လက်ခံခဲ့သော မှုခင်းသတင်းထောက်တစ်ဦးနှင့် နယ်မြေခံ သတင်းထောက်တစ်ဦးတို့ကို လဝကအက်ဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ဖဒိုနယ်မြေ ရဲစခန်းထံမှ သိရသည်။
22-Dec-2017 tagged as သတင်းထောက်
နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသော သတင်းထောက်နှစ်ဦးကို မိသားစုနှင့် တွေ့ခွင့်ပေးရန် အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒီဇင်ဘာ ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်တိုက်တွန်းလိုက်သည်။
19-Dec-2017 tagged as သတင်းထောက်
ရိုက်တာသတင်းဌာနက သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက “သဘောထား ရပ်တည်ချက် ထုတ်ပြန်ရှင်းလင်းပွဲ”ကို ဒီဇင်ဘာလ ၂၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင် Orchid Hotel ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးကို ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ ဌာနများမှ တာဝန်ရှိသူများပါသော အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးနေကြောင်း ရန်ကုန်တိုင်းရဲမှူးကြီး မြင့်ထွေးက ပြောကြားသည်။
စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ၁၉၂၃ မြန်မာနိုင်ငံ လျှို့ဝှက်အက် ဥပဒေပုဒ်မ ၃ ဖြင့် ဖမ်းဆီးခံထားရသော ရိုက်တာ သတင်းဌာနမှ ကိုသက်ဦးမောင် (ခ)ဝလုံးနှင့် ကိုကျော်စိုးဦး (ခ)မိုးအောင်တို့သည် ထောင်ဖမ်းခံရသည်ဟု ထင်မြင်ကြောင်း အာဏာရပါတီ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)၏ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မီဒီယာများကို ပြောကြားလိုက်သည်။
19-Nov-2017 tagged as သတင်းထောက်
ဒုတိယအချက်က စာဖတ်ပရိသတ် မကြိုက်တဲ့၊ စာဖတ်ပရိသတ်နဲ့ သဘောထား ကွဲတဲ့အချက်အလက်တွေကို သတင်းစာ၊ ဂျာနယ်တွေမှာ ထည့်သွင်း ဖော်ပြဖို့ သတင်းသမားတွေ၊ ထုတ်ဝေသူတွေဘက်က စိုးရိမ်နေပုံရတယ်။ ဒီအချက်က ပိုအရေးကြီးတယ်”လို့ သူကဆိုပါတယ်။
သူလျှိုလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံ မြန်မာနိုင်ငံသား သတင်းထောက်နှစ်ဦးနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးသို့ စာဖြင့် အကြောင်းကြား မေးမြန်းထားပြီး ယနေ့အထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျက ပြောကြားသည်။
16-Sep-2017 tagged as သတင်းထောက်
မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့မှ အလွတ်တန်း သတင်းထောက်တစ်ဦးကို စက်တင်ဘာလ ပထမ သီတင်းပတ်အတွင်းက ကူမဲမြို့နယ်အတွင်း၌ ဖြစ်ပွားခဲ့သော အမှုကိစ္စတစ်ခုနှင့်ပတ်သက်၍ ကူမဲနယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားရာ စက်တင်ဘာလ ၁၄ ရက် ညပိုင်းက ခေါ်ယူစစ်ဆေးခဲ့ကြောင်း အဆိုပါရဲစခန်းမှ သိရှိရသည်။
04-Sep-2017 tagged as သတင်းထောက်
ကလေးမြို့နယ် ထောက်ကြန့်ကျေးရွာရှိ နေအိမ်တစ်ခုတွင် အမျိုးသမီးတစ်ဦးတည်း ရှိနေစဉ် မှုခင်းသတင်းထောက် ကတ်ပြကာ ခြိမ်းခြောက်ငွေတောင်းသူကို ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်ထားကြောင်း ကလေးမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သက်နိုင်ဦးက ပြောကြားသည်။