News

POST TAGGED AS

သတင်းထောက်

27-May-2017

သတင်းထောက်
ကန္တရဝတီတိုင်း သတင်းထောက်အမျိုးသမီးကို ကားတင်ပြေးသူများကို အခင်းဖြစ်ပြီး နောက်တစ်နေ့တွင် ဖမ်းမိ
တောင်ငူ၊ မေ ၂၇

ကယားပြည်နယ် လွိုင်ကော်မြို့အခြေစိုက် ကန္တရဝတီတိုင်း သတင်းဂျာနယ်မှ သတင်းထောက် အမျိုးသမီးတစ်ဦးကို မေလ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က လွိုင်ကော်-ဒီမော့ဆိုလမ်းပေါ်တွင် ကားတင်ပြေးသူနှစ်ဦးကို အခင်းဖြစ်ပြီးနောက်ရက် ယနေ့ (မေလ၂၇ ရက်) နံနက် ၉ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ကန္တရဝတီတိုင်းဂျာနယ် နှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

“ကောင်မလေးကို ကားနဲ့တင်ခေါ်လာတုန်း ကားက လမ်းဘေး ထိုးကျခဲ့လို့ သတိလစ်နေတုန်း ကားတင်ပြေးတဲ့ အမျိုးသား နှစ်ဦးက ထွက်ပြေးသွားတာပါ။ ကောင်မလေးက ရှော့ရသွားတဲ့သဘော တွေ့ရပြီး မနေ့ကတော့ အရေးပေါ် ကုသနေရပေမဲ့ ကနေ့တော့ နည်းနည်းသက်သာသွားပြီ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါနေ့ ညနေ ၅ နာရီခွဲခန့်က ကယားပြည်နယ်အခြေစိုက် ကန္တရဝတီတိုင်း သတင်းဂျာနယ် သတင်းထောက် အသက် ၂၃ နှစ်အရွယ် ဒေါ်ဦးမြာဆိုသူသည် သတင်းဂျာနယ်မှ ရုံးဝန်ထမ်းတစ်ဦးဖြစ်သည့် ဒေါ်မီမြာ(ခ)မမီမာဆိုသူ မောင်းနင်သည့် မော်တော်ဆိုင်ကယ်ဖြင့် လွိုင်ကော်မြို့နယ်မှ ဒီမော့ဆိုမြို့သို့ ပြန်လာစဉ် ဒေါပိုးစီ ကျေးရွာနားသို့အရောက် တိုယိုတာဗစ် အမျိုးအစား မော်တော်ကားတစ်စင်းက ဆိုက်ကယ်ကို ကျော်တက်ကာ ပိတ်ရပ်ပြီး ကားပေါ်မှဆင်းလာသည့် အသက် ၃၃ နှစ်အရွယ် ဦးကောင်စံ(ခ) ကောင်းဝေသိန်း (ခ) ကိုကောင်းဆိုသူ ဆင်းလာပြီး ဒေါ်ဦးမြာကို ကားပေါ် ဆွဲတင်ကာ မောင်းနှင်ထွက်ပြေးသွားခြင်းဖြစ်ပြီး ကားမောင်းနှင်သူမှာ အသက် ၅၃ နှစ်အရွယ်ရှိ ဦးစိန်ဝင်းဆိုသူဖြစ်သည် ဟု မျက်မြင်သက်သေဖြစ်သူ၏ ထွက်ဆိုချက်ကို ကိုးကားပြီး ဒီမော့ဆိုမြို့မရဲစခန်းမှ စုံစမ်း သိရှိရသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး ဦးစိန်ဝင်းနှင့် ဦးကောင်းစံ (ခ) ကောင်းဝေသိန်း (ခ) ကိုကောင်းတို့ကို ဒီမော့ဆိုမြို့မရဲစခန်းမှ (ပ)၂၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၆၆/၅၀၆/၁၁၄  ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေသည် ဟု အဆိုပါရဲစခန်းမှ စုံစမ်းသိရှိရသည်။

R-15.R-16



FOLLOW US