News

POST TAGGED AS

သတင်းထောက်

ရိုက်တာ သတင်းထောက်နှစ်ဦးကို လျှို့ဝှက်ချက် အက်ဥပဒေဖြင့် စွဲချက်တင်


ရန်ကုန်၊ ဇူလိုင် ၉

ရိုက်တာသတင်းဌာနမှ သတင်းထောက်ကို ဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို မြန်မာနိုင်ငံအစိုးရ လျှိုဝှက်ချက်အက်ဥပဒေဖြင့် မြောက်ပိုင်းခရိုင်တရားရုံးက ယနေ့နံနက်ပိုင်းတွင် စွဲချက်တင်လိုက်သည်။

စွဲချက်တင်ထားမှု အခြေအနေနှင့်ပတ်သက်ပြီး တိုင်းတရားလွတ်တော်သို့ စွဲချက်ရုပ်သိမ်းရန် လျောက်ထားမှုကို မိသားစုဝင်များနှင့် ဥပဒေအကျိုးဆောင်များ ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းနှစ်ဦး၏ အကျိုးဆောင်ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

အဆိုပါ အမှုကို လာမည့် ဇူလိုင်လ ၁၆ ရက်၊ ၁၇ ရက်နေ့တို့တွင် ဆက်လက်စစ်ဆေးမည်ဖြစ်ရာ ကိုကျော်စိုးဦးနှင့် ကိုဝလုံးတို့ဘက်မှ တင်သွင်းသော သက်သေများကို စတင်စစ်ဆေးမည်ဖြစ်သည်။

မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းအနီးရှိ စားသောက်ဆိုင်တွင် ဒီဇင်ဘာ ၁၂ ရက်ညက ရိုက်တာသတင်းထောက် သက်ဦးမောင် (ခ) ဝလုံးနှင့် ကျော်စိုးဦး (ခ) မိုးအောင်တို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခနှင့်ပတ်သက်သည့် စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဟူ၍ ထောက်ကြန့် နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ရိုက်တာသတင်း၏ ထုတ်ပြန်ချက်အရ သတင်းထောက်နှစ်ဦးမှာ အင်းဒင်ရွာတွင် ၁ဝ လောင်းပြိုင် အသတ်ခံရမှုနဲ့ပတ်သက်ပြီး ရခိုင်ရွာသားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေကိုများကို မေးမြန်းခြင်း၊ ဓာတ်ပုံသက်သေများ စုဆောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်းဖော်ပြသည်။

၂၀၁၈ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပြုလုပ်သော တရားခွင်တွင် တရားလိုပြသက်သေအဖြစ် စစ်ဆေးခံခဲ့ရသော ဒုရဲမှူးမိုးရန်နိုင်က အင်းဒင်ကျေးရွာ လူသတ်မှုကို ဖော်ထုတ်သည့် ရိုက်တာ သတင်းထောက် ၂ ဦးအား အမှုဆင်ဖမ်းဆီးရန် ရဲမှူးချုပ် တင်ကိုကိုက ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

“အခုလို အမှန်တရား ဖွင့်ပြောရတဲ့ အကြောင်းအရင်းက ရဲတပ်ဖွဲ့ဝင်မှာလည်း ဘယ်အဆင့်အတန်းမဆို သူ့ဂုဏ်သိက္ခာသူ ရှိပါတယ်၊ ထောင်ဖမ်းခံရတယ်ဆိုတာ အဲ့အတိုင်း အမှန်ပါပဲ”ဟု ဒုရဲမှူးမိုးရန်နိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီအမှုမှာ ရဲတိုင်စာ၊ စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ တရားလိုပြသက်သေတွေအတွက် ထွက်ဆိုချက် ကွဲလွဲနေတဲ့အတွက် ပြင်ဆင်မှုတက်ရမှာပါ။ စွဲချက်အမိန့် ပယ်ဖျက်ပေးဖို့ ပြင်ဆင်မှုမတက်ရင် ပြစ်မှုကျုးလွန်ကြောင်း ဝန်ခံရာ ရောက်တဲ့အတွက် ပြင်ဆင်မှုတက်ရမှာပါ၊ မမှန်မကန် လွဲမှားမှုတွေကို ဥပဒေကြောင်းအရ တရားဝင် ကန့်ကွက်ရမှာပါ တရားရုံးအပြင်မှာ မီဒီယာတွေကို ပြောနေရုံနဲ့ တရားခွင်မှာ ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး” ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က ထောက်ပြသည်။

ယင်းအပြင် ပျောက်ဆုံးနေသော တရားလိုပြသက်သေ ရဲတပ်ကြပ်ကြီးခင်မောင်လင်းကို ထပ်မံတင်သွင်းရန်နှင့် ပထမသတင်းပေးတိုင်ချက် မီးရှို့ဖျက်ဆီးလိုက်သောာ ရဲတပ်ဖွဲ့ဝင်များကို သက်သေခံပစ္စည်းဖောက်ဖျက်မှုဖြင့် တရားစွဲရန်လိုအပ်ကြောင်း ထောက်ပြသည်။



FOLLOW US