News

POST TAGGED AS

သတင်းထောက်

ရိုက်တာသတင်းထောက် နှစ်ဦးအမှုရုပ်သိမ်းပေးရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တောင်းဆို
ရန်ကုန်၊ ဇူလိုင် ၃ 

နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ရိုက်တာ သတင်းထောက်နှစ်ဦးအမှုကို ရုပ်သိမ်းသင့်ကြောင်းနှင့် အမြန်ဆုံးပြန်လည်လွှတ်ပေးရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty international) က ဇူလိုင်လ ၂ ရက်က တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရသည့် သတင်းကိုရေးသားရန် ကြိုးစားခဲ့သည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးခံရသည်မှာ ခြောက်လကျော်ပြီဖြစ်ကြောင်း၊ သတင်းထောက်နှစ်ဦး ရုံးထုတ်စစ်ဆေးချိန်တိုင်းတွင် ရဲတပ်ဖွဲ့ဝင်များသည် ကျင့်ဝတ်မညီဘဲ လုပ်ဆောင်ခဲ့ခြင်းများ၊ ထွက်ဆိုချက်များသည်လည်း အကျိုးအကြောင်း ခိုင်လုံမှုမရှိကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

မြန်မာ့အာဏာပိုင်များက သတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းခဲ့ကြောင်း၊ စစ်အစိုးရခေတ်အဆက်ဆက်က သုံးစွဲခဲ့သည့် နည်းလမ်းများကို ဆက်လက်သုံးစွဲနေကြောင်းကို AI အဖွဲ့မှ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ပြောသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရိုက်တာသတင်းထောက် နှစ်ဦးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် စတင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

J-18



FOLLOW US