News

POST TAGGED AS

သတင်းထောက်

အမှုကြန့်ကြာအောင် တမင်လုပ်ဆောင်နေသည်ဟု ရိုက်တာသတင်းထောက် နှစ်ဦး၏ ရှေ့နေ ဝေဖန်
ရန်ကုန်၊ ဇွန် ၎

မြောက်ပိုင်းခရိုင်တရားရုံးတွင် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲခံထားရသည့် ရိုက်တာသတင်းထောက်နှစ်ဦးအမှုတွင် တရားလိုပြသက်သေ CID ရဲမှူးအောင်ကျော်ဆန်းကို ငါးကြိမ်မြောက်စစ်ဆေးခဲ့ရာ၌ ရဲမှူးထွက်ဆိုချက်များမှာ အမှုကို မကြာကြာအောင် တမင်လုပ်ဆောင်နေသည်ဟု သတင်းထောက်နှစ်ဦး၏ ရှေ့နေဦးသန်းဇော်အောင်က ဝေဖန်လိုက်သည်။

“အမှုကသာမန်ထက်ကြာနေတယ်။ သူ့ကိုစစ်တာငါးချိန်းဖြစ်နေပြီ။ အမှုကို မကြာကြာအောင် တမင်လုပ်နေတယ်”ဟု ၎င်းက ဆိုသည်။ 

သတင်းထောက်နှစ်ဦး၏ ဖုန်းအတွင်းမှ တွေ့ရှိသည်ဟုဆိုကာ သက်သေခံဖြင့် တင်သွင်းလာသည့် စာရွက်စာတမ်း ၂၁ ရွက်မှာ အများပြည်သူသိပြီးထားသည့် အချက်အလက်များ ဖြစ်သောကြောင့် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် မငြိစွန်းကြောင်းကို ခုခံလျှောက်လဲချက်တင်ခဲ့သည်ဟု ရှေ့နေဦးသန်းဇော်အောင်က ပြောကြားသည်။

နောက်ထပ်ရုံးချိန်းကို ဇွန်လ ၅ ရက် (ယနေ့) သို့ ချိန်းဆိုခဲ့ပြီး CID မှ ရဲမှူးအောင်ကျော်ဆန်းကို ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က စစ်ဘက်ဆိုင်ရာ စာရွက်စာတမ်းလက်ဝယ်တွေ့ရှိမှုဖြင့် ထောက်ကြန့်နယ်မြေ ရဲစခန်းကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။  

J-18




FOLLOW US