News

POST TAGGED AS

သတင်းထောက်

11-Aug-2017

သတင်းထောက်
သီပေါထောင်တွင် အချုပ်ခံနေရသည့် သတင်းထောက် သုံးယောက်အမှု အာမခံ ထပ်လျှောက်
သီပေါ၊ သြဂုတ်လ ၁၁

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါအကျဉ်းထောင်တွင် ချုပ်နှောင်ထားခြင်း ခံရသည့် သတင်းထောက် ၃ ယောက် အပါအဝင် လူ ၆ ဦးအမှုကို ယနေ့ (သြဂုတ်လ ၁၁ ရက်) တွင် ဆက်လက်ရုံးထုတ်ရာတွင် အာမခံ ထပ်မံလျှောက်ထားခဲ့ပြီး လာမည့်ရုံးချိန်းတွင် အမိန့်ချမှတ်မည်ဟု တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ပြောဆိုသည်။

“ဒီနေ့ရုံးချိန်းဆိုရင် ၃ ကြိမ်မြောက် ရုံးထုတ်တာပါ၊ ဒုတိယအကြိမ် ရုံးချိန်းမှာလည်း အာမခံ လျှောက်ထားတယ်။ ဒါပေမဲ့ အကြောင်းပြချက် ၃ ချက်နဲ့ အာမခံ တောင်းခံမှုကို တရားရုံးက ပယ်ချခဲ့တယ်။ ဒီနေ့ရုံးချိန်းမှာ အာမခံ ထပ်လျှောက်တာ ၁၈ ရက်နေ့ ရုံးချိန်းမှာ အာမခံကိစ္စကို အမိန့်ချမှတ်မှာပါ” ဟု DVB သတင်းထောက်နှစ်ဦး၏ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်ဝင်းက ရှင်းပြသည်။

သြဂုတ်လ ၁၁ ရက်နေ့ ရုံးချိန်းတွင် တရားလိုပြသေအဖြစ် ရှာဖွေသက်သေတစ်ဦးကို စစ်ဆေးခြင်းဖြစ်ကြောင်း တပ်မတော်ဖက်က စစ်ဆေးရန် ချိန်းဆိုထားသော အရာရှိနှစ်ဦးကို စစ်ဆေးနိုင်ရန် ထပ်မံချိန်းဆိုထားကြောင်း ရှေ့နေများထံမှ သိရသည်။

“သတင်းထောက်တွေကို စွဲဆိုထားတဲ့ပုဒ်မ ၁၇(၁) အရ အမှုက အာမခံပေးနိုင်တဲ့ အမှုမျိုးတော့ မဟုတ်ပါဘူး။ သို့ပေမဲ့ သတင်းထောက် ၃ ယောက်အတွက် အာမခံ ရရှိရေးကိုတော့ အကြိမ်ကြိမ် လျှောက်ထားနေမှာပါဘဲ” ဟု ဦးမောင်မောင်ဝင်းက ဆက်ပြောသည်။



FOLLOW US