News

POST TAGGED AS

သတင်းထောက်

04-Aug-2017

သတင်းထောက်
သတင်းထောက် ၃ ဦးအမှု အာမခံပယ်ချ
သီပေါ၊ သြဂုတ် ၄ 

ရှမ်းပြည်နယ်မြောကိပိုင်း သီပေါမြို့နယ် တရားရုံးတွင် မတရားသင်း ဥပဒေပုဒ်မ ၁၇(၁) ဖြင့် တရားစွဲ တင်ပို့ခံနေရသော DVB သတင်းထောက် ကိုအေးနိုင်နှင့် ကိုဖြည့်ဖြိုးအောင် အပါအဝင် လူ ၆ ဦးအမှုတွင် အာမခံ လျှောက်ထားခြင်းကို သီပေါမြို့နယ် တရားရုံးက ပယ်ချလိုက်သည်။

“အာမခံ လျှောက်ထားခဲ့တာက ပထမအကြိမ် တရားရုံးချိန်းတဲ့နေ့ ဇူလိုင် ၂၈ ရက်နေ့က လျှောက်ထားခဲ့တာကို ဒီနေ့မှာ အမိန့်ချမှတ်ပေးတာပါ။ အာမခံ လျှောက်ထားမှုကို အကြောင်းပြချက် ၃ ချက်နဲ့ ပယ်ချလိုက်ပါတယ်” ဟု DVB သတင်းထောက် ကိုအေးနိုင်နှင့် ကိုပြည့်ဖြိုးအောင်တို့၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွှေမိုးညွန့်က ပြောဆိုသည်။

အာမခံပယ်ချရသည့် အကြောင်းပြချက် ၃ ချက်မှာ အာမခံ လျှောက်ထားသူများမှာ သီပေါမြို့တွင် အခြေချနေထိုင်သူများ မဟုတ်ခြင်း၊ အမှုမှာ တရားလိုကို စစ်ဆေးနေဆဲ အခြေအနေဖြစ်ပြီး ပါဝင်ပတ်သက်နေသူ များနေခြင်းနှင့် တရားလိုဖက် စစ်ဆေးဆဲကာလ ဖြစ်ပြီး အမှုတွင် တရားလိုပြသက်သေ များပြားခြင်း စသည့် အကြောင်းပြချက်များကြောင့် အာမခံ ငြင်းပယ်ရခြင်း ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ရွှေမိုးညွန့်က ဆက်လက်ပြောဆိုသည်။

အာမခံပယ်ချမှု အမိန့်နှင့် ပတ်သက်၍ အထက်တရားရုံးသို့ ပြင်ဆင်မှု လျှောက်ထားမည့် ကိစ္စကို စွပ်စွဲခံရသူ ကိုအေးနိုင်နှင့် ကိုပြည့်ဖြိုးအောင်တို့ နှစ်ဦးနှင့် ဆွေးနွေးတိုင်ပင်ရမည် ဖြစ်သည့်အတွက် လတ်တလော မဖြေဆိုနိုင်သေးကြောင်း DVB သတင်းဌာနမှ ကိုအေးနိုင်နှင့် ကိုပြည့်ဖြိုးအောင်တို့၏ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဒေါ်ရွှေမိုးညွန့်က ပြောဆိုသည်။

DVB သတင်းဌာနမှ သတင်းထောက် ကိုအေးနိုင်နှင့် ကိုပြည့်ဖြိုးအောင်၊ ဧရာဝတီသတင်းဌာနမှ ကိုလဝီဝမ်နှင့် ယာဉ်မောင်းသူနှစ်ဦး အပါအဝင် လူ ၆ ဦးမှာ ဇွန်လ ၂၆ ရက်နေ့က နမ့်ဆန်မြို့တွင် ပြုလုပ်သော တအာင်းပလောင် လက်နက်ကိုင်အဖွဲ့၏ တတိယအကြိမ်မြောက် မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားမှအပြန် နမ့်ဆန်မြို့နှင့် သီပေါမြို့အကြားတွင် ဖမ်းဆီးခြင်းခံရခြင်း ဖြစ်ပြီး သီပေါမြို့နယ် တရားရုံးတွင် မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁) အရ အမှုရင်ဆိုင်ခြင်း ဖြစ်သည်။ 

R 07



FOLLOW US