News

POST TAGGED AS

သတင်းထောက်

27-May-2017 tagged as သတင်းထောက်
ကယားပြည်နယ် လွိုင်ကော်မြို့အခြေစိုက် ကန္တရဝတီတိုင်း သတင်းဂျာနယ်မှ သတင်းထောက်အမျိုးသမီးတစ်ဦးကို မေလ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က လွိုင်ကော်-ဒီမော့ဆိုလမ်းပေါ်တွင် ကားတင်ပြေးသူနှစ်ဦးကို အခင်းဖြစ်ပြီးနောက်ရက် ယနေ့ (မေလ၂၇ ရက်) နံနက် ၉ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ကန္တရဝတီတိုင်းဂျာနယ် နှင့်နီးစပ်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။
မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် Blue Sky ကေတီဗီ ဝန်ထမ်း နှစ်ဦးကို ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့လယ်က ပြန်လည် လွှတ်ပေးလိုက် ကြောင်း မုံရွာမြို့မရဲစခန်းထံမှ သိရသည်။
13-Jan-2017 tagged as သတင်းထောက်
အခမ်းအနား အားလုံးနီးပါးကို တက်ရောက်သတင်းယူနိုင်သည့် ၆ လ သက်တမ်းရှိ လုံခြုံရေး ကတ်ပြားများကို တနင်္သာရီအခြေစိုက် သတင်းသမားများအား ရဲတပ်ဖွဲ့မှ ဇန်နဝါရီလ ၉ ရက်က စတင်ထုတ်ပေးလျက် ရှိသည်။
မုံရွာသတင်းထောက် အသတ်ခံရမှုအတွက် ကေတီဗီမှ ဝန်ထမ်းနှစ်ဦး ဖြစ်သည့် မန်နေဂျာနှင့် ကြီးကြပ်ရေးမှူးတို့ကို ဇန်နဝါရီလ ၂ ရက်နေ့က အာမခံဖြင့် လွှတ်ပေးရန် စီစဉ်ခဲ့သော်လည်း စစ်ဆေးရန် ကျန်ရှိသည့်အတွက် မလွှတ်ပေးဖြစ်ခဲ့ကြောင်း မုံရွာမြို့မ ရဲစခန်း စခန်းမှူးဖြစ်သူ ဒုရဲမှူး သိန်းဆွေမြင့်က ပြောကြားသည်။
မုံရွာမြို့ ပြည်ထောင်စုလမ်းမတွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် လုပ်ကြံ သတ်ဖြတ်ခြင်း ခံရသည့် မုံရွာ အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း သေဆုံးမှုတွင် သံသယရှိသူ နှစ်ဦးကို ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေက ဖမ်းဆီး စစ်ဆေး
Eleven မီဒီယာ၏ မုံရွာမြို့ခံ သတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရခြင်းအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဖယောင်းတိုင်မီးများဖြင့် ဆုတောင်းခြင်းများကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့၌ ဒီဇင်ဘာလ ၁၉ ရက်နေ့ ညနေ ၆ နာရီခွဲတွင် ဖယောင်းတိုင် ထွန်းညှိဆုတောင်းပွဲ ကို ကျင်းပမည် ဖြစ်သည်။
လယ်ယာ မြေနှင့် စိုက်ပျိုးရေး နယ်ပယ်မှ သတင်းများကို ဦးစားပေး ဖော်ပြနေသော The Farmer ဂျာနယ်​၏ မန္တလေး သတင်း​ထောက်​ ကို​ကျော်​သူရမျိုးကို ဒီဇင်ဘာ ၁၄ ရက် ည ၉ နာရီ ခွဲခန့်က နေအိမ်သို့ ဆိုင်ကယ်နှင့်အပြန် လမ်း ၇၀၊၃၂ x ၃၃ ကြား စံပယ်ဖြူလမ်းသွယ်​ (ဝန်ကြီးချုပ် နေအိမ်အနီးတွင်) အမျိုးသား လေးဦးက ဝိုင်းရိုက်ကြသဖြင့် မန္တလေး ဆေးရုံကြီး ဦး​နှောက်​နဲ့ အာရုံ​ကြော ဌာနတွင် ဆေးကုသမှုခံယူနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။
မုံရွာမြို့၏ ဒီဇင်ဘာလ ၁၃ ရက် ဆောင်း နံနက်ခင်း ၂ နာရီက မုံရွာမြို့ ဆေးရုံကြီး မှုခင်းဌာနသို့ အလောင်း တစ်လောင်း ရောက်လာသည်။