News

POST TAGGED AS

သတင်းမီဒီယာ

သေချာတာကတော့ ဒီနေ့ မြန်မာနိုင်ငံ အခြေအနေဟာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းနေတဲ့ကာလ ဖြစ်ပါတယ်။ ဒီမိုကရေစီ မရသေးပါဘူး။ ဒီလိုကာလမှာ အစိုးရက အစိုးရအကြိုက်၊ တပ်မတော်ကလည်း တပ်မတော်အကြိုက်၊ သူပုန်ကလည်း သူပုန်အကြိုက်၊ ပါတီတွေ အဖွဲ့အစည်းတွေကလည်း သူတို့အကြိုက်ပဲ ပြောဆိုနေ၊ သတင်းထုတ်ပြန်နေပါတယ်။
မတရား အသင်းဥပဒေဖြင့် အကျဉ်းကျခံနေရသော သတင်း ထောက် (၃ ) ဦး အပါအဝင် သတင်းမီဒီယာများအပေါ်စွဲဆို ထားသော အမှုများ အားလုံးကို တပ်မတော်က ကျေအေး ပေးလိုက်ပြီ ဟု အကြောင်း ကြားလာကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယ ဥက္ကဌ ဦးအောင်လှထွန်းက ပြောကြားသည်။
မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇ (၁) နှင့် တရားစွဲဆိုခံထား ရသည့် သီပေါထောင်ရှိ သတင်းသမား သုံးဦးကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က သွားရောက် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ ပြောဆိုချက်များကို တပ်မတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြပေးသွားမည် ဖြစ်ကြောင်း ယင်းကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောဆိုသည်။
အမှန်ဆိုရလျှင် ယခုရက်ပိုင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပညာရေး တက္ကသိုလ် ကျောင်းသားများ၏ ဆန္ဒထုတ်ဖော်မှုကို ဖြေရှင်းပေးရာတွင် ထိုအတိုင်းသာ ဖြစ်သင့်သည်။ တာဝန်ရှိဌာနဆိုင်ရာများမှ ညှိနှိုင်းဖြေရှင်း ပေးကြရမည်။ ညှိနှိုင်းဖြေရှင်းရန် ကိစ္စများကိုလည်း အထက်တွင် တင်ပြခဲ့သည့် ဥပဒေကြီးအထဲတွင် ပြန်လည်ဖြည့်စွက် ထည့်သွင်းကြရမည်။
01-Aug-2017 tagged as သတင်းမီဒီယာ
အမှန်တကယ်သာ သတင်းမီဒီယာကဏ္ဍကို ဖွံ့ဖြိုးတိုးတက်လိုပြီး သတင်းသမားတွေကိုလည်း ကျင့်ဝတ်တွေနဲ့ ညီစေချင်တယ်ဆိုရင် သတင်း အရင်းအမြစ် စတင်ပေါက်ဖွား အခြေတည်ရာ ဌာနတွေကသာ သတင်း အမှန်တွေကို အချိန်မဆိုင်းဘဲ ဖြစ်ရင်ဖြစ်တဲ့အတိုင်း၊ တွေ့ရင်တွေ့တဲ့အတိုင်း မှန်မှန်ကန်ကန် သတင်းမီဒီယာသမားတွေ အလိုကျ တုံ့ပြန်ပြောဆို ဖြေကြားပေးဖို့သာ လိုပါတယ်။
ကျွန်တော်တို့က သဘောထားကြီးပြီး အမြင်ကျယ်သော တပ်မတော် ဖြစ်စေချင်သည်။ ဒီမိုကရေစီအရ မတူကွဲပြားမှုကို လက်ခံနိုင်သော အင်စတီကျူးရှင်းတစ်ခု ဖြစ်စေချင်သည်။
နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် ဇူလိုင်လ ၂၇ ရက်က ပြုလုပ်ခဲ့သော တပ်မတော်နှင့် သတင်းမီဒီယာသမားများနှင့် တွေ့ဆုံပွဲမှာ နှစ်ဖက် သဘောတူညီချက်ရရန် တွေ့ဆုံဆွေနွေးသည့်ပွဲ မဟုတ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးအောင်လှထွန်းက ပြောကြားသည်။
23-Jul-2017 tagged as သတင်းမီဒီယာ
တပ်မတော်က သတင်းသမားများကို တရားစွဲဆိုမှုများနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးစဉ် တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အတွင်းရေးမှူး ဦးသီဟစောက ပြောကြားသည်။
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ တပ်ကြပ် စိုးမြင့်အောင်နှင့် ဗဟန်းမြို့မ ရဲစခန်းမှူး ဒုရဲမှူး အေးမင်းသိန်းတို့အပေါ် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်ခွင့်နှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေဖြင့် အရေးယူပေးရန် ဦးတိုက် လျှောက်ထား တရားစွဲဆိုမှုကို ဗဟန်း မြို့နယ်တရားရုံးက ဇူလိုင်လ ၂၀ ရက်နေ့တွင် ပယ်ချခဲ့ကြောင်း မြန်မာသတင်းများ ကာကွယ်ရေး ကော်မတီထံမှ သိရသည်။
မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသည့် DVB သတင်းဌာနနှင့် ဧရာဝတီသတင်းဌာနမှ သတင်းထောက် သုံးဦးနှင့် ယာဉ်မောင်း သုံးဦးတို့ကို ဇူလိုင်လ ၁၈ ရက်နေ့တွင် ရှမ်းပြည်နယ် သီပေါမြို့နယ် တရားရုံး၌ မူလ သတ်မှတ်ရက်ထက် စော၍ ရုံးထုတ်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်းက ပြောသည်။