News

POST TAGGED AS

သတင်းမီဒီယာ

14-Nov-2017 tagged as သတင်းမီဒီယာ
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ မြပဲခူးကျေးရွာရှိ တောင်သူ ၁၆ ဦးထံမှ ကျပ်သိန်း ၂၀ ကျော် လိမ်လည်ရယူသည်ဟုဆိုကာ ဒေသခံသတင်းထောက် သုံးဦးကို နိုဝင်ဘာလ ၁၂ ရက်က လိမ်လည်မှုပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း ကညွတ်ကွင်း နယ်မြေရဲစခန်းထံမှ သိရသည်။
တရုတ်နှင့် အမေရိကန်သည် အကျိုးစီးပွားများ တူညီကြသော်လည်း နှစ်နိုင်ငံ ဆက်ဆံရေးကို ဂရုတစိုက် ကိုင်တွယ်ရန် လိုအပ်သည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာက ဘေဂျင်းသို့ ထရမ့်မရောက်မီ ဗုဒ္ဓဟူးနေ့က ပြောကြားသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
တစ်ဆက်တည်းမှာ ဒီဘင်္ဂါလီအမျိုးသမီးဟာ သွေးအလိမ်းလိမ်း အဝတ်ဗလာနဲ့ လယ်ကွင်းတွေကို ဒယိမ်းဒယိုင်ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် ပြေးလာခဲ့ရတယ်လို့ ရေးထားတယ်။ ဇာတ်နာအောင် ပုံဖော်ထားသလား၊ တကယ် ဖြစ်ရပ်မှန်လားဆိုတာ ဘယ်သူမှ မသိနိုင်ပေမယ့် ဒီရေးသားမှု၊ တစ်ဖက်သတ်ရရှိတဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ဆောင်းပါး ရေးလိုက်တဲ့အခါ ကမ္ဘာကြီးမှာ မြန်မာဟာ လူ့အခွင့်အရေး ချိုးဖောက်၊ လူမျိုးတုံး သတ်ဖြတ်တဲ့ ရာဇဝတ်မှု ကျူးလွန်သူတွေအဖြစ် ပုံပေါ်သွားပါတယ်။
အဲဒီလူစုအော်ပွဲတွေဟာ နိုင်ငံတကာဖိအားကို လျော့ကျမသွားစေတဲ့အပြင် ဘေးထွက်ဆိုးကျိုးအဖြစ် အမျိုးသားရေး အစွန်းရောက်စိတ်ဓာတ်တွေ များလာစေပြီး စစ်အစိုးရခေတ်ကလို ကိုယ့်ရွာကို ခြံအသေကာတဲ့စိတ်၊ ခြေရာခွက်ထဲ လသာတဲ့စိတ်၊ Isolationism ခေတ်ဆီ တွန်းပို့သွားနိုင်ပါတယ်။
ကျွန်တော်တို့သည် ကမ္ဘာ့ စာ၊ နယ်၊ ဇင်း လောကသို့ ထိုးဖောက် ဝင်ရောက်နိုင်ကြမည်ဖြစ်ပြီး ကမ္ဘာ့ပြည်သူများနှင့် ကမ္ဘာ့ခေါင်းဆောင်များ အနေနှင့် မြန်မာပြည်သူတွေ အကြောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းအကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအကြောင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းနှင့် လက်ရှိဖြစ်ပေါ်နေသော လူမျိုးရေး၊ ဘာသာရေး အကြောင်းပြ နိုင်ငံရေး ပြဿနာများနှင့် ယင်းနိုင်ငံရေး ပြဿနာများကို ပြည်သူနှင့် အစိုးရတို့ မည်သို့ ဖြေရှင်းကြသည်ဆိုသည့် အကြောင်းများကို ထဲထဲဝင်ဝင် သိမြင်နိုင်ကြမည်ဖြစ်ကာ မလိုသူများ ပြောသမျှ ယုံကြည်ရသည့်အဖြစ်မှ မြန်မာ့အကြောင်း မြန်မာပြောမှ ယုံကြည်ရသည့်အဖြစ်ကို ရောက်လာမည်
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အတည်ပြု ဖွဲ့စည်းသည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်အထိ ၂ နှစ်ခန့်အကြာတွင် သတင်း မီဒီယာများနှင့် ပတ်သက်သည့် တိုင်ကြားစာ ၁၃၄ စောင် ရှိကြောင်း အဆိုပါကောင်စီထံမှ သိရသည်။
23-Sep-2017 tagged as သတင်းမီဒီယာ
သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအတွက် ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များသည် စက်တင်ဘာလ ၂၃ ရက် နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ရှိ သတင်းမီဒီယာ ကောင်စီရုံးခန်းတွင် တွေ့ဆုံခဲ့ကြသည်။
ရခိုင်ပြဿနာ ပြည်မသို့ ယနေ့အထိ ကူးစက်မလာအောင် ပြည်မရှိ မွတ်ဆလင်များ အထူးသတိထား ဆင်ခြင်နေထိုင်သည်မှာ အသိအမှတ်ပြုစရာ ဖြစ်သည်။
သေချာတာကတော့ ဒီနေ့ မြန်မာနိုင်ငံ အခြေအနေဟာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းနေတဲ့ကာလ ဖြစ်ပါတယ်။ ဒီမိုကရေစီ မရသေးပါဘူး။ ဒီလိုကာလမှာ အစိုးရက အစိုးရအကြိုက်၊ တပ်မတော်ကလည်း တပ်မတော်အကြိုက်၊ သူပုန်ကလည်း သူပုန်အကြိုက်၊ ပါတီတွေ အဖွဲ့အစည်းတွေကလည်း သူတို့အကြိုက်ပဲ ပြောဆိုနေ၊ သတင်းထုတ်ပြန်နေပါတယ်။
မတရား အသင်းဥပဒေဖြင့် အကျဉ်းကျခံနေရသော သတင်း ထောက် (၃ ) ဦး အပါအဝင် သတင်းမီဒီယာများအပေါ်စွဲဆို ထားသော အမှုများ အားလုံးကို တပ်မတော်က ကျေအေး ပေးလိုက်ပြီ ဟု အကြောင်း ကြားလာကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ဒုတိယ ဥက္ကဌ ဦးအောင်လှထွန်းက ပြောကြားသည်။