News

POST TAGGED AS

သတင်းစာရှင်းလင်းပွဲ

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စဥ့်ပါကျေးရွာတွင် ရေသွင်းရေထုတ်မြောင်းဖောက်မှုကြောင့် တောင်သူလယ်သမားသုံးဦး၏ နွေနှမ်းသီးနှံများ ဖျက်ဆီးခံခဲ့ရမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက အရေးယူပေးရန် သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၃ ရက်နေ့က မုံရွာမြို့ရှိ Chindwin Institute ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင်ဖြစ်ပွားခဲ့သော လူသတ်မှုနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူ မြန်မာရွှေ့ပြောင်းလုပ်သား လေးဦးကို မတ်လ ၂၉ ရက်တွင် အပြီးသတ် အမိန့်ချရန်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ပညာရေးနှင့် ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။
စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ ကိုးထပ်ကြီးဘုရားဝင်းအတွင်းတွင် ဗေဒင်ဟောခန်းဖွင့်ထားသည့် ဗေဒင်ဆရာ အောင်ချစ်ပို၏ ပြုမူမှုနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဝန်ကြီးဌာနလေးခုကို တိုင်ကြားစာပေးပို့ထားကြောင်း ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid ဟိုတယ်တွင် မတ်လ ၇ ရက် နံနက် ၁၀ နာရီခန့်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။
မြန်မာဂျာနယ်လစ်ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ခြင်းကို တစ်လခန့် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။