News

POST TAGGED AS

သင်တန်း

ပန်းတောင်းမြို့နယ် စွယ်တော်ကျေးရွာအတွင်း အိမ်ခြေနှစ်အိမ်နှင့်စပါးကျီ ၃လုံးမီးလောင်

ပြည်၊ဒီဇင်ဘာ ၂၂

ပန်းတောင်းမြို့နယ် စွယ်တော်ကျေးရွာအတွင်း ယနေ့ နံနက် ဆယ်နာရီခန့်က မီးဖိုချောင် မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်နှစ်လုံးနှင့် စပါးကျီသုံးလုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ပြည်ခရိုင် မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

ထမင်းဟင်းချက်ပြုတ်ရာမှ ပေါ့ဆမှုကြောင့် မီးကြွင်းမီးကျန်များ မီးဖိုခန်းမှတစ်ဆင့် နေအိမ်သို့ ကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးလောင်ကျွမ်းမှုအား ဆယ်နာရီခွဲခန့်တွင် ငြှိမ်းသက်နိုင်ခဲ့ကြောင်း ပြည်ခရိုင် မီးသတ်ဆပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

“လတ်တလောအနေနဲ့က ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး တွက်နေတုန်းပါ။ တန်ဖိုး အတိအကျ ပြောလို့မရသေးပါဘူး၊ အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမှာပါ”ဟု ပြည်ခရိုင်င် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မီးလောင်မှုကြောင့် နေအိမ်နှစ်လုံးနှင့် စပါးကျီသုံးခုရှိ စပါးတင်း သုံးထောင်ခန့် မီးလောင်ရေစိုပျက်စီးခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

စတင်မီးလောင်ခဲ့သည့် နေအိမ်အိမ်ရှင်များမရှိဘဲ လယ်ထဲသွားနေစဉ်ဖြစ်ပြီး မီးလောင်မှုကြောင့် ပြည်ခရိုင်၊ ပန်းတောင်းမြို့၊ ဥသျှစ်ပင်မြို့၊ ပြည်မြို့ အရံမီးသတ်တပ်ဖွဲ့တို့မှ မီးသတ်ကား ဆယ်စီး ဒေသခံများ အကူအညီဖြင့် မီးငြှိမ်းသတ်ခဲ့ရကြောင်း ပြည်ခရိုင် မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

M-06



FOLLOW US