News

POST TAGGED AS

သင်္ချိုင်း

ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ အေးရွာအနောက်ခြမ်းရှိ ရွာသုသာန်မပြောင်းရွှေ့ရန် ဒေသခံတစ်ထောင်ခန့်က လက်မှတ်ရေးထိုးကာ အစိုးရထံကန့်ကွက်စာကို ယနေ့(ဇူလိုင်လ ၂၆ ရက်)တင်မည်ဖြစ်ကြောင်း အေးရွာရပ်ကွက်လုံးဆိုင်ရာ စေတနာရှင် နာရေးကူညီမှုအသင်းဝင် ကိုကျော်မိုးက ပြောကြားသည်။
ကြည့်မြင်တိုင်တစ်ဖက်ကမ်းရှိ အေးရွာ အနောက်ပိုင်းမှ နှစ်ပေါင်းတစ်ရာခန့်တည်ရှိခဲ့သော သင်္ချိုင်းကို ရဲတပ်ဖွဲ့အင်အား ၆၀ ခန့်ဖြင့် ဇူလိုင်လ ၂၁ ရက် မွန်းလွဲပိုင်းက ဖယ်ရှားရှင်းလင်းရန် ရောက်ရှိလာသော်လည်း ဒေသခံများ ပိတ်ဆို့ကန့်ကွက်ခြင်းကြောင့် သင်္ချိုင်းရွှေ့ပြောင်းမည့် အစီအစဉ် ပျက်သွားကြောင်း အေးရွာ ရပ်ကွက်လုံးဆိုင်ရာ စေတနာရှင် နာရေးကူညီမှုအသင်းမှ ကိုကျော်မိုးက ပြောကြားသည်။