News

POST TAGGED AS

သက်ငယ်မုဒိမ်း

မြန်မာနိုင်ငံတွင် ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ကာလအတွင်း ဖြစ်ပွားခဲ့သော မုဒိမ်းမှုပေါင်း ၂၅၀၀ ကျော်တွင် အရွယ်မရောက်သေးသည့် အသက် ၁၆ နှစ်အောက် ကလေးငယ်များ မုဒိမ်းကျင့်ခံရမှုမှာ ၁၅၀၀ ကျော်အထိ စံချိန်တင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်း ဖြစ်ပွားမှုများသော်လည်း ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်မှု မရှိသဖြင့် ပြစ်မှုကျူးလွန်သူများကို သေဒဏ်ချမှတ်နိုင်ရေးအတွက် တောင်ငူမြို့ခံ ၄၀ဝ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားကြောင်း လက်မှတ်ကောက်ခံသူ ဒေါ်မြတ်ဆုမွန်က ပြောသည်။
အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ရှစ်လသမီးအရွယ် ကလေးငယ်ကို သူမ၏ အစ်ကိုဝမ်းကွဲက မုဒိမ်းကျင့်ခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
အသက် ၉ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြံစည်သည့် အသက် ၆၇ နှစ်အရွယ် အမျိုးသားကို ဇန်နဝါရီလ ၅ ရက်နေ့က အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆို တင်ပို့ထားကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
အိန္ဒိယတွင် ဆယ်ကျော်သက် အရွယ် သမီးဖြစ်သူအား မုဒိမ်းကျင့်သွားသူများကို ရဲစခန်းက တိုင်ချက် မဖွင့်ပေးသောကြောင့် ရဲအရာရှိဖြစ်သူ မိဘနှစ်ဦးက ကိုယ်တိုင် ဖမ်းဆီးခဲ့ကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
အိန္ဒိယတွင် ခင်ပွန်းသည်နှင့် အရွယ် မရောက်သေးသော ဇနီးမယားတို့ လိင်ဆက်ဆံမှုကို ခွင့်ပြုပေးထားသော ဥပဒေမှာ တရားမဝင်ဟု တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ခြင်းကြောင့် ကလေးသတို့သမီးနှင့် လိင်ဆက်ဆံမှုကို မုဒိမ်းမှုအဖြစ် သတ်မှတ်နိုင်မည်ဖြစ်သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။
အသက် ၁၄ နှစ်အရွယ် ၉ တန်း ကျောင်းသူအား ခိုးယူပေါင်းသင်းသည့် အသက် ၁၇ နှစ်အရွယ် ယောက်ျားလေးကို စက်တင်ဘာလ ၁၉ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့မရဲစခန်းတွင် သက်ငယ် မုဒိမ်းမှုဖြင့်၊ လူခိုးမှုဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
အိန္ဒိယနိုင်ငံတွင် မုဒိမ်းကျင့်ခံရသူ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်၏ မိဘများက ၎င်းတို့သမီးတွင်ရရှိထားသော ကိုယ်ဝန်အား ဖျက်ချခွင့်ပြုရန် တရားရုံးတော်၌လျှောက်ထားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံ မြို့သစ်(၂၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို မျက်နှာချင်းဆိုင် နေအိမ်မှ အမျိုးသမီးက လင်ခိုးသည်ဟု စွပ်စွဲရာမှ မိမိခင်ပွန်းဖြစ်သူ မုဒိမ်းမှု ပေါ်ပေါက်ခဲကြောင်း မြောက်ဥက္ကလာပ မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။