News

POST TAGGED AS

သက်ငယ်မုဒိမ်း

လူသတ်မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရေးပြဋ္ဌာန်းရန် ထောက်ခံလက်မှတ်များ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်လမ်းဘေး သုမင်္ဂလာ အိမ်ရာရှေ့တွင် ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ကောက်ခံခဲ့ကြောင်း ယင်းပွဲစီစဉ်သူ 4 Women Voice အဖွဲ့မှ ဒေါ်လီလီနိုင်ကျော်က ပြောသည်။
မန္တလေးမြို့တော်ရှိ ပရဟိတအဖွဲ့များပူးပေါင်း၍ သက်ငယ်မုဒိမ်းမှုများ လျော့နည်းပပျောက်သွားရေးနှင့် ကျူးလွန်သူများကို ကြီးလေးသော ပြစ်ဒဏ်ပေးနိုင်ရန် လက်ကမ်းစာစောင်များဝေခြင်းနှင့် ဓာတ်ပုံကမ်ပိန်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကစတင်ကာ ဗိုလ်ချုပ်ပန်းခြံတွင် ပြုလုပ်ခဲ့ကြသည်။
သက်ငယ်မုဒိမ်းသမားများကို ဓာတုနည်းဖြင့်သင်းကွပ်ရန် တရားသူကြီးများ က စီရင်ချက် ချမှတ်နိုင်ရန် ခွင့်ပြုပေးထားသော ဥပဒေသစ်တစ်ရပ်ကို လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ်ကြောင်း တူရကီအစိုးရက ထုတ်ပြန်ခဲ့သည်ဟု DW သတင်းဌာနက ဖော်ပြသည်။
သက်ငယ်မုဒိမ်း အပါအဝင် ပြစ်မှုကြီးများကို ဟန့်တားနိုင်ရန် မှုခင်းကာကွယ်ရေး မဟာဗျူဟာကို ပြန်လည် သုံးသပ်နေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။
လက်ကိုင်ဖုန်းမှ ညစ်ညမ်းဗွီဒီယိုပြပြီး သက်ငယ်မုဒိမ်းမှုကျူးလွန်ရန် ကြိုးပမ်းအားထုတ်မှုတစ်ခု ဖေဖော်ဝါရီလ ၁၈ ရက်နေ့က မြိတ်မြို့တွင်ဖြစ်ပွားခဲ့ကြောင်း ယင်းနယ်မြေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မရဲစခန်းထံမှ သိရသည်။
ဆိုရှယ်မီဒီယာတွေပေါ်က တိုက်ပွဲမှာ ပိုပြီးပြင်းထန်သည်။ ထိုအချိန်တွင် အမေရိကန် ပြည်ထောင်စု၌လည်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို မခံရပ်နိုင်သောကြောင့် #MeToo ဆိုသည့် လူထုအုံကြွ လှုပ်ရှားမှုကြီးတစ်ခုကို လုပ်ဆောင်နေကြသည်။ ပါကစ္စတန် ပြည်သူတွေကလည်း သူတို့ကလေးတွေအတွက် တစ်ခုခု လုပ်ပေးရန်ဆုံးဖြတ်လိုက်ကြသည်။
သက်ငယ်မုဒိမ်း ကျူးလွန်သူများအား အမြန်ဆုံး ဖော်ထုတ် အရေးယူပေးရန်နှင့် ထိရောက်သောပြစ်ဒဏ် ချမှတ်ပေးရန် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဖေဖော်ဝါရီလ ၁၉ ရက်၌ အစိုးရထံ တိုက်တွန်းသည့် ထုတ်ပြန်ချက်တစ်စောင်ထုတ်ခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။
မိတ္ထီလာမြို့နယ် ဥယျာဉ်ကုန်းကျေးရွာ၌ နဝမတန်း ကျောင်းသားတစ်ဦးက ပဉ္စမတန်း ကျောင်းသူကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက မုဒိမ်းကျင့်ခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။
ပါကစ္စတန်တွင် ယခင်လက ခြောက်နှစ်သမီး ဇိုင်နက်အမ်ဇာရီကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ အင်မရမ်အလီ ၂၄ နှစ်ကို တရားရုံးက သေဒဏ်လေးကြိမ် ပေးလိုက်သည်ဟု BBC သတင်းတွင်ဖော်ပြသည်။
ယခုကဲ့သို့ အဖြစ်များလာနေသည့် သက်ငယ်မုဒိမ်းမှုပြစ်မှုများအပေါ် တရားစီရင်ရေး မဏ္ဍိုင်အနေနှင့် တရားစီရင်ကြရာတွင် နိုင်ငံတော်၏အခြေခံမူများအခန်းပါ ပုဒ်မ (၁၉) (ခ)တွင်ပါရှိသည့် “ဥပဒေအရ ကန့်သတ် ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး...”ဟူသည့် တရားစီရင်ရေး အခြေခံမူများ ပြဋ္ဌာန်းချက်ပါရှိသည်နှင့်အညီ တတ်နိုင်သမျှ ပွင့်လင်းမြင်သာမှုရှိစွာ၊ ဘက်လိုက်မှုကင်းစွာ၊ အဂတိတရားကင်းစွာ တရားစီရင်ကြရမည်ဖြစ်သည်။