News

POST TAGGED AS

သက်ငယ်မုဒိမ်း

နေအိမ်၌ လူကြီးများမရှိခိုက် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးတည်းအိပ်နေစဉ် ဖခင်နှင့် မယားညီအစ်ကိုတော်စပ်သူက အဓမ္မပြုကျင့်ခဲ့ကြောင်း ချောက်မြို့မရဲစခန်းထံမှ သိရှိရသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် မတ်လ ၁၇ ရက် နံနက်ပိုင်းက အရပ်ဘက်အဖွဲ့အစည်း ၂၀ ကျော် ပူးပေါင်းကာ သက်ငယ်မုဒိမ်းမှု သေဒဏ်ပေးရေး၊ အမျိုးသမီးထု ဘဝလုံခြုံရေး လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့သည်။
ဧရာဝတီတိုင်းတွင် သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေးအတွက် ပုသိမ်မြို့တွင် မတ်လ ၁၇ ရက်၌ သက်သယ်မုဒိမ်းမှု ပပျောက်ရေး လှုပ်ရှားမှုလုပ်ဆောင်မည်ဖြစ်ကြောင်း လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ယနေ့ခေတ်တွင် CCTV ကဲ့သိုသော ကိရိယာ များကို နေရာအနှံ့တပ်ဆင်နေကြပြီ ဖြစ်သောကြောင့် ရာဇဝတ်ဘေး ပြေးမလွတ်နိုင်သည့် ခေတ်ဖြစ်လာ သည်။ ဆိုရှယ်မီဒီယာတွေ အားကောင်းလာခြင်း ကလည်း ပြည်သူများကို ပိုပြီး လှုံ့ဆော်ပေးသလို ဖြစ်စေခဲ့သည်။ ထို့ကြောင့် ပြည်သူတွေကလည်း မုဒိမ်းသမားကို သင်းကွပ်ရန်နှင့် သေဒဏ်ပေးရန်သာ တောင်းဆိုကုန်ကြသည်။
သက်ငယ်မုဒိမ်းမှုများ ဖြစ်ပေါ်နေသည်ကို ဆန့်ကျင်သည့်အနေနှင့် မတ်လ ၁၈ ရက်နေ့၌ ရန်ကုန်၊ မန္တလေးနှင့် မကွေးမြို့များတွင် တစ်ပြိုင်နက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဟောပြောပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း သဒ္ဓါရှင် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ရွှေပြည်သာမြို့နယ်အတွင်းရှိ ရပ်ကွက် ၂၇ ခုအတွင်း သက်ငယ်မုဒိမ်း ပပျောက်ရေး လူထုအသိပေး လှုပ်ရှားမှုကို မတ်လ ၃ ရက်က ပြုလုပ်ခဲ့ကြောင်း သက်ငယ်မုဒိမ်း ပပျောက်ရေးကွန်ရက်အဖွဲ့ဝင် ကိုထွန်းမြင့်က ပြောကြားသည်။
ယနေ့ မြန်မာနိုင်ငံမှ လူအများစုအနေနှင့် သက်ငယ်မုဒိမ်းမှုကိုပင် သေဒဏ်စီရင်ဖို့ လက်မှတ်များ ကောက်ခံနေကြသည်။ ထိုပုဂ္ဂိုလ်များ အာဏာရလာလျှင် ရက်စက်ကြမ်းကြုတ်သော အာဏာရှင်များ ဖြစ်လာပေလိမ့်မည်။ အီရန်နိုင်ငံ၏ ဥပမာအရ ပြောခြင်းဖြစ်ပါသည်။ အီရန်တွင် လူမြင်ကွင်း၌ ဝန်ချီစက်တွင် ကြိုးကွင်းစွပ်ကာ လူကို တဖြည်းဖြည်း ဆွဲတင်သည်။ သေဒဏ်ပေးခံရသူမှာ မချိမဆံ့ ခံစားရသည်။ လူထုကြီးက လက်ခုပ်တီးသည်။ ရက်စက်ကြမ်းကြုတ်သော စရိုက်ရှိသည့် လူထုကို အာဏာရှင် လူကြမ်းများကသာ အုပ်ချုပ်နိုင်မည်ဆိုသည်မှာ နိုင်ငံရေး နိယာမတစ်ခု ဖြစ်သည်။
စဥ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က အသက် ၁၃ နှစ်အရွယ် ယောကျာ်းလေးတစ်ဦးက အသက်ငါးနှစ်နှင့် ခြောက်နှစ်အရွယ် မိန်းကလေးနှစ်ဦးကို မုဒိမ်းကျင့်ခဲ့ကြောင်း စဥ့်ကူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
၁၅ နှစ် အရွယ် မိန်းကလေးတစ်ဦးနှင့် ချစ်ကြိုက်ပြီး သားမယားအဖြစ် ဆက်ဆံခဲ့သည့် လူငယ်နှစ်ဦးကို လှိုင်သာယာ မြို့မ ရဲစခန်းတွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မုဒိမ်းမှု ပုဒ်မ ၃၇၆ အပြင် လူခိုးမှု ပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
သက်ငယ်မုဒိမ်းမှုများ ပပျောက်ရေးနှင့် အဆိုပါအမှုများတွင် ကျူးလွန်သူများကို သေဒဏ်ချမှတ်ရေးတို့အတွက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်က ပဲခူးတိုင်းအနောက်ပိုင်း ပြည်မြို့တွင် လူအင်အား ၂၀၀ ခန့်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်။