News

POST TAGGED AS

သက်ငယ်မုဒိမ်း

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော သက်ငယ်မုဒိမ်းမှုများ လျော့ကျစေရန် ကြီးလေးသော ပြစ်ဒဏ်ဖြစ်သော သေဒဏ်ချမှတ်ပေးနိုင်ရေးနှင့် ပညာပေးမှု အစီအစဉ်များ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ် အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို ကချင်ပြည်နယ်လွှတ်တော်၌ မေလ ၂၅ ရက်နေ့က အတည်ပြုခဲ့ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
“လူဆိုရင်တော့ အဲ့ဒီနေ့ကတည်းက ဓားနဲ့တက်ခုတ်တယ်။ ဘုန်းကြီးဆိုတော့ လုပ်လို့မရဘူးလေ” ဟု ဆယ်နှစ်သမီး၏ မိခင်က မချိတင်ကဲပြောသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော သက်ငယ်မုဒိမ်းမှုများ လျော့ကျစေရန် ကြီးလေးပြစ်ဒဏ်ဖြစ်သည့် သေဒဏ်ချမှတ်ပေးနိုင်ရေးနှင့် ပညာပေးမှု အစီအစဉ်များ အမြန်ဆုံးဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်းအဆိုကို ကချင်ပြည်နယ်လွှတ်တော်၌ တင်သွင်းခဲ့သည်။
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့သစ်နယ်မြေရဲစခန်းတွင် မေလ ၁၃ ရက်နေ့ နံနက် ၃ နာရီခွဲခန့်က မုဒိမ်းမှုဖြင့် အချုပ်ကျရမန်ယူထားပြီး တရားစွဲဆိုရန် ပြင်ဆင်ခံထားရသည့် အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။
ကမာရွတ်မြို့နယ်အတွင်းရှိ ဟံသာဝတီဘူတာနှင့် လှည်းတန်းဘူတာကြား ရထားသံလမ်းတွင် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သော အမျိုးသားတစ်ဦးကို မေလ ၁၁ ရက်နေ့က အနောက်ပိုင်းခရိုင်တရားရုံးမှ သေဒဏ်အမိန့်ချမှတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
သာကေတမြို့နယ်၊ အမှတ် (၉) ရပ်ကွက်ရှိ EPC ဝင်းအတွင်းရှိ ကျူတောထဲတွင် အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရပြီး သားမယားပြုကျင့်ခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှစုံစမ်းသိရသည်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီသည် မကြာသေးမီက မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့် အသတ်ခံရမှုအပေါ် လုံလောက်စွာ ကိုင်တွယ်ဆောင်ရွက်ခြင်းမရှိဟု ပြစ်တင်ဝေဖန်ခံနေရခြင်းကို တုံ့ပြန်သည့်အနေနှင့် ကလေးမုဒိမ်းမှုများကို သေဒဏ်ချမှတ်ရန် အတည်ပြုလိုက်ပြီဟု DW သတင်းတွင် ဖော်ပြထားသည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် မြင်းဇာကျေးရွာတွင် အဋ္ဌမတန်း (၈ တန်း) ကျောင်းသားက ၎င်းနှင့်အတန်းတူ ကျောင်းသူတစ်ဦးကို အဓမ္မပြုကျင့်၍ ဧပြီ ၂ ရက်ညပိုင်းက အမှုဖွင့်လိုက်ကြောင်း ဂန့်ဂေါမြို့မရဲစခန်းထံမှ သိရသည်။
အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား မဖွယ်မရာ ပြုလုပ်ခဲ့သည့် အသက် ၇၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၇ နှစ်ကျခံစေရန် အရှေ့ပိုင်း ခရိုင်တရားရုံးက မတ်လ ၂၁ ရက် မွန်းလွဲပိုင်းတွင် အမိန့်ချခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နှင့် လပွတ္တာမြို့များတွင် သက်ငယ်မုဒိမ်း လျော့ကျပပျောက်ရေးအတွက် “သက်ငယ်မုဒိမ်း ပပျောက်ရေး လူတိုင်းပါဝင်ကူညီပေး” ဆောင်ပုဒ်ဖြင့် လှုပ်ရှားမှုကို မတ်လ ၁၈ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း အဆိုပါလှုပ်ရှားမှုတွင် ပါဝင်သူများထံမှ သိရသည်။