News

POST TAGGED AS

သက်ငယ်မုဒိမ်း

သက်ငယ်မုဒိမ်းမှုကျူးလွန်သူကို ထောင်ဒဏ် နှစ်၂၀ ချ
ပုသိမ်၊ ဇွန် ၂

ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက် မဟာဗောဓိလမ်းရှိ ရွှေလက်ရာ လက်ဖက်ရည်ဆိုင်မှ ဆိုင်အကူ အသက် ၁၅ နှစ်အရွယ်ရှိ မိန်းကလေးကို မုဒိမ်းမှုကျုးလွန်ခဲ့သော ဆိုင်ရှင် ဦးသန်းဇော်ဦး (ခ) ဒလစ်ကို မေလ ၃၁ ရက်တွင် ပုသိမ်ခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်။ 

အဆိုပါ အမှုကို ၂၀၁၇ ခုနှစ် ဇွန်လဆန်းက စတင်ကြားနားစစ်ဆေးခဲ့ပြီး ၁၁ လအကြာ စစ်ဆေးပြီးနောက် ပုသိမ်ခရိုင် တရားသူကြီး ဦးကျော်စိုးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင် ဦးမြင့်ဌေးက ပြောသည်။ 

“ကလေးကို မတရားလည်းကျင့်သေးတယ်၊ ပြန်ပြောရင် သတ်ပစ်မယ်ခြိမ်းခြောက်တယ်။ ကျူးလွန်တာကို ငွေပေးပြီး ကျေအေးဖို့လုပ်တယ်။ ဒါကြောင့် ရပ်ကွက်ရုံးကိုတိုင်ပြီး ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ”ဟု မိန်းကလေး၏ မိခင်က ဆိုသည်။

ဆိုင်အကူ မိန်းကလေးက ယင်းလက်ဖက်ရည်ဆိုင်တွင် ၂၀၁၆ ခုနှစ်ဆန်းပိုင်းက ဆိုင်အကူအဖြစ် အလုပ်လုပ်ကိုင်ခဲ့ကြောင်း၊ ယင်းမိန်းကလေးကို ၂၀၁၇ ခုနှစ် မေလနှောင်းပိုင်းက ဆိုင်ရှင်က အဓမ္မပြုကျင့်ခဲ့သဖြင့် မိန်းကလေး၏ မိဘများက ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ တိုင်ခဲ့ပြီး ပုသိမ်နယ်မြေရဲစခန်းက အမှုဖွင့်ကာ တရားရုံးသို့တင်ပို့ခဲ့သည်။ 

R-12



FOLLOW US