News

POST TAGGED AS

သက်ငယ်မုဒိမ်း

မြောင်းမြကြိုးတံတား ခေတ္တပိတ်မည်


ပုသိမ်၊ မတ် ၁၀

ဧရာဝတီတိုင်း မြောင်းမြမြို့ရှိ ကြိုးတံတားကို ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် မတ်လ ၁၁ ရက်နေ့ညပိုင်းတွင် ခေတ္တပိတ်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ 

“တံတားရဲ့ ပြင်ထိန်းလုပ်ငန်းလုပ်မှာမို့ ခဏပိတ်ထားမှာပါ၊ တံတားရဲ့ မြောင်းမြဘက်ကမ်းမှာ Expansion Joint တွေကို ပြုပြင်ဖို့ရှိနေလို့ပါ၊ တံတားပိတ်ထားတဲ့အချိန်မှာ အရေးကြီး မော်တော်ယာဉ်တွေရှိလာရင် တံတားဦးစီးဌာနက ဇက်နဲ့ကူးပေးဖို့လည်း စီစဉ်ထားပါတယ်”ဟု ဧရာဝတီတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ရှင်းပြသည်။

တံတားဟောင်းကို ပြင်ဆင်ထိန်းသိမ်းခြင်းဖြစ်ပြီး ၁၀ နာရီခန့်ကြာမြင့်မည်ဖြစ်ကြောင်း၊ ပြုပြင်ဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့ (၁) ထံမှ သိရသည်။

မြောင်းမြတံတားကို ၁၉၉၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၂၇ ၀ပေရှည်ပြီး ၅၆ ပေမြင့်ကြောင်း၊ တံတားပြုပြင်ရန်အတွက် မတ်လ ၁၁ ရက် ည ၁၀ နာရီမှ မတ်လ ၁၂ ရက် နံနက် ၇ နာရီအထိ ပိတ်ထားမည်ဖြစ်ကြောင်း တံတားဦးစီးဌာနထံမှ သိရသည်။

R-11



FOLLOW US