News

POST TAGGED AS

သက်ငယ်မုဒိမ်း

အိန္ဒိယတွင် သမီးထက် သားကိုလိုချင်ကြသောကြောင့် အပစ်ပယ်ခံမိန်းကလေး ၂၁ သန်းမျှရှိဟု အစီရင်ခံစာတွင်ဖော်ပြ


နယူးဒေလီ၊ ဇန်နဝါရီ ၃၀

အိန္ဒိယနိုင်ငံတွင် မိဘများကသမီးထက် သားကိုလိုချင်ကြသောကြောင့် အပစ်ပယ်ခံမိန်းကလေး ၂၁ သန်းမျှရှိနေကြောင်း အစိုးရ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားမှုကို ကိုးကား၍ BBC သတင်းက ရေးသားထားသည်။

ဇနီးမောင်နှံအများစုမှာ သားယောကျာ်းလေး မမွေးမချင်း ကလေးဆက်ယူကြလေ့ ရှိသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

သားယောကျာ်းလေးကို ပိုလိုချင်ကြသော ဆန္ဒကြောင့် ကျား၊ မ လိင်ရွေးချယ်မှုအပေါ် မူတည်၍ ကိုယ်ဝန်ဖျက်ချခြင်းအပြင် မိန်းကလေးများအတွက် ထောက်ပံ့စောင့်ရှောက်မှု ကောင်းကောင်း မပေးခြင်းမျိုးပါ ဖြစ်လာနိုင်သည်ဟု အစီရင်ခံစာ ရေးသားသူများက သတိပေးထားသည်။

အိန္ဒိယလူဦးရေတွင် အမျိုးသမီး ၆၃ သန်းပျောက်နေကြောင်း၊ ယင်းမှာ ကျား၊ မ လိင်ရွေးချယ်မှုအပေါ်မူတည်၍ ကိုယ်ဝန်ဖျက်ချခြင်းအပြင် ယောကျာ်းလေးများကိုသာ ပိုမိုဂရုစိုက် စောင့်ရှောက်ခြင်းကြောင့်လည်း ဖြစ်ကြောင်း အစီရင်ခံစာတွင် သုံးသပ်ထားသည်။

သန္ဓေသားမှာ ယောကျာ်းလေးလား၊ မိန်းကလေးလား ဆုံးဖြတ်ရန် စစ်ဆေးမှုကို တရားမဝင်ဟု အိန္ဒိယတွင် သတ်မှတ်ထားသော်လည်း လုပ်ဆောင်နေကြဆဲဖြစ်ပြီး ယင်းမှသည် မိန်းကလေးဖြစ်နေသောကြောင့် ဖျက်ချခြင်းမျိုးရှိနေသည်။

သားယောကျာ်းလေးကို ပိုမိုလိုလားရသည့် ယဉ်ကျေးမှုဆိုင်ရာ အကြောင်းပြချက် အများအပြားရှိနေပြီး ယင်းတို့အထဲမှ အဓိကအချက်အချို့မှာ ပိုင်ဆိုင်မှုအမွေကို သားများကသာ ဆက်ခံရပြီး သမီးများက ဆက်ခံခွင့်မရှိခြင်း၊ သမီးရှင်များသည် သမီးဖြစ်သူ လက်ထပ်နိုင်ရန် ဒေါင်ရီပေးရခြင်း၊ မိန်းကလေးများမှာ လက်ထပ်ပြီးပါက ခင်ပွန်းသည် အိမ်လိုက်နေရခြင်းတို့ ဖြစ်သည်။  

F-03



FOLLOW US