POST TAGGED AS

သက်ငယ်မုဒိမ်း

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၉) ရပ်ကွက်ရှိ ကန်ပေါင်ပေါ်တွင် စက်ဘီးပတ်စီးနေသည့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို လူငယ်နှစ်ဦးကအရက်တိုက်၍ လူမနေသည့်နေအိမ်သို့ခေါ်ဆောင်ပြီး အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ခုနစ်တန်းကျောင်းသူတစ်ဦးနှင့် ပေါင်းသင်းနေထိုင်ခဲ့သည့် တရုတ်လူမျိုးတစ်ဦးကို ဩဂုတ်လ ၁၁ ရက်နေ့က ဖမ်းဆီးကာ မုဒိမ်းမှုဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့တွင် ၁၃ နှစ်အရွယ် မိန်းကလေးကို ခြိမ်းခြောက်ကာ သားမယားအဖြစ် အကြိမ်ကြိမ် ပြုကျင့်မှုဖြစ်ပွားခဲ့၍ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မော်လိုက် မြို့မရဲစခန်းထံမှ သိရသည်။
၁၄ နှစ်ခွဲအရွယ် မိန်းကလေးတစ်ဦးကို ဖုန်းဝယ်ပေးမည်ဟု မက်လုံးပေး လီဆယ်ပြောဆိုခေါ်ဆောင်၍ အငှားယာဉ်ဖြင့် နေအိမ်သို့ခေါ်ဆောင်ကာ သားမယားအဖြစ် ဝိုင်းပြုကျင့်ခဲ့ကြသည့် လူငယ်လေးဦးကို ဖမ်းဆီးအရေးယူထားကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့မ ရဲစခန်းထံမှ သိရသည်။
အသက် ၁၀ နှစ်အရွယ်ကလေးမလေးကလည်း သူ့ကို ညဆိုလျှင် လာဆွဲခေါ်သွားတတ်ပြီး အဝတ်အစားတွေကို ဆွဲချွတ်ခဲ့ကြောင်း၊ ငြင်းဆန်လျှင်လည်း ခြေထောက်များကို ရောင်လာသည်အထိ ရိုက်နှက်တတ်ကြောင်း ပြောပြသည်။ တစ်ယောက်ကလည်း ဆေးသောက်ရန် ငြင်းဆန်သည့်သူ့ကို ရေနွေးပူနှင့် လောင်းသည်ဟုဆိုသည်။ ကလေးတစ်ယောက်က အဓမ္မပြုကျင့်သူကို တွန်းလိုက်ရာ သူ့ကို ရက်ပေါင်းများစွာ အငတ်ထားပြီး နောက်ဆုံး တောင်းပန်ပြီး သူတို့အလိုလိုက်မှ ခွင့်လွှတ်လိုက်သည်။ မုဒိမ်းကျင့်ရန် ငြင်းဆန်လျှင် ရိုက်နှက်ခြင်းမှာ ရိုးနေပြီဟု မိန်းကလေးတစ်ယောက်က ရဲကို ပြောပြသည်။
ညနေပိုင်းတွင် ပင်လုံညီလာခံအကြို အစိုးရ၊ လွှတ်တော်၊ တပ်မတော် အစုအဖွဲ့ အစည်းအဝေးကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား အစုအဖွဲ့များ အပါအဝင် လူဦးရေ ၁၀၀ ကျော် တက်ရောက်ခဲ့ကြသည်။ ပြည်သူ့ လွှတ်တော်၏ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီဥက္ကဋ္ဌပင် မသိ။ သူက ပအိုဝ်းပါတီမှ ဖြစ်သည်။ လွှတ်တော်ထဲရှိ ရှမ်း၊ ရခိုင်၊ ဇိုမီး၊ ပအိုဝ်း၊ ပလောင်ကိုယ်စားလှယ်များ တစ်ဦးမှ မပါဝင်။ မည်သည့်စံနှုန်းဖြင့် မည်သူက ရွေးချယ်သနည်း။
မကွေးတိုင်း ပွင့်ဖြူမြို့နယ် ဖလံကျင်းကျေးရွာ၌ ဇူလိုင်လအတွင်းက ဖြစ်ပေါ်ခဲ့သည့် သက်ငယ်မုဒိမ်းမှုမှ ကျူးလွန်သူကို ဇူလိုင် ၁၆ ရက်နေ့က အမှုဖွင့်လိုက်ကြောင်း ယင်းတိုင်းအစိုးရအဖွဲ့ရုံးထံမှ သိရသည်။
ပဲခူးတိုင်း ရေတာရှည်မြို့နယ် ဆွာမြို့ရှမ်းရွာတွင် ဖခင်ရင်းက သမီးကို အဓမ္မပြုကျင့်သည်ကို ကိုယ်ဝန်ရှိချိန်မှ စစ်ဆေးပေါ်ပေါက်ခဲ့သည့်အတွက် ဖခင်ကို မုဒိမ်းမှုဖြင့် အမှုဖွင့်လှစ်လိုက်ကြောင်း ဆွာနယ်မြေ ရဲစခန်းထံမှ သိရသည်။
တစ်နေ့တခြား များပြားလာပြီး ထိတ်လန့်ဖွယ်ရာအဆင့်သို့ ရောက်ရှိနေသော သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်စွာ ဟန့်တားနိုင်ရန် အထူးဥပဒေတစ်ရပ် အမြန်ရေးဆွဲကာ ယင်းဥပဒေထဲတွင် ပြစ်မှုပြစ်ဒဏ်အပိုင်းကို သေဒဏ်ချမှတ်သည်အထိ တိတိကျကျ ရေးဆွဲပြဋ္ဌာန်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကအတည်မပြုဘဲ မှတ်တမ်းအဖြစ်သာထားရှိရန် ဆုံးဖြတ်လိုက်သည်။
ပုသိမ်မြို့ အမှတ် (၈) ရပ်ကွက် မဟာဗောဓိလမ်းရှိ ရွှေလက်ရာ လက်ဖက်ရည်ဆိုင်မှ ဆိုင်အကူ အသက် ၁၅ နှစ်အရွယ်ရှိ မိန်းကလေးကို မုဒိမ်းမှုကျုးလွန်ခဲ့သော ဆိုင်ရှင် ဦးသန်းဇော်ဦး (ခ) ဒလစ်ကို မေလ ၃၁ ရက်တွင် ပုသိမ်ခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်။