News

POST TAGGED AS

ဝန်ကြီး

အီသီယိုးပီးယားနိုင်ငံအနေနှင့် တရားဥပဒေကို လေးစားလိုက်နာသည့် ခိုင်မာသော အင်စတီကျူးရှင်းများ တည်ထောင်ပြီး ကြီးကျယ်ခမ်းနားသည့် ဒီမိုကရေစီစနစ်ကို မဖြစ်မနေထူထောင်သွားရမည်ဖြစ်သည်ဟု ဝန်ကြီးချုပ် အဘီအာမက်က ပြောကြားလိုက်ကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေသည် သူ့ပါတီအတွင်းမှ ဘရိတ်ဇစ် (ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေး) ထောက်ခံသူများ၏ ဖိအားကိုလိုက်လျောအလျှော့ပေးခဲ့ပြီးနောက် လွှတ်တော်တွင်းမဲခွဲမှုများတွင် အနိုင်ရခဲ့ပြီး သမဂ္ဂမှ နုတ်ထွက်ရေး သူ၏ ကျယ်ပြန့်သောမဟာဗျူဟာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
ဥရောပသမဂ္ဂ (အီးယူ) မှ ဗြိတိန်နိုင်ငံနုတ်ထွက်ရေး (ဘရိတ်ဇစ်) ကိစ္စတွင် ဗြိတိန်အစိုးရ၏ဗျူဟာနှင့်ပတ်သက်၍ မပြေမလည်ဖြစ်ကာ ရုတ်တရက်နုတ်ထွက်သွားခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်၏နေရာတွင် ကျန်းမာရေးဝန်ကြီး ဂျယ်ရီမီဟန့်ကို အစားထိုးမည်ဖြစ်သည်ဟု ဝန်ကြီးချုပ်ထရီဆာမေ၏ ဒေါင်းနင်းလမ်းရုံးက သတင်းထုတ်ပြန်သည်။
တကယ့်ကို ကိုင်တွယ်ရ ခက်နေတယ်ဆိုရင် စစ်ဘက်ဆိုင်ရာမူလတာဝန်များ ပြန်လည် ထမ်းဆောင်စေလိုက်သည် ဆိုတဲ့အမိန့် ထုတ်လိုက်လို့ရပါတယ်။ ဒါဆို နောက်တစ်ယောက် ပြောင်းပေါ့။ လက်ရှိ ပြည်ထောင်စုအစိုးရ လက်ထက်မှာလည်း ပြည်ထောင်စုအဆင့်ကို စစ်ဘက်ပြန်ပို့တာမျိုး မတွေ့ရသေးပေမယ့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွေမှာတော့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတွေကို အပြောင်းအလဲလုပ်တာတွေ တွေ့နေရပါတယ်။
အီသီယိုးပီးယား ဝန်ကြီးချုပ်သစ် အဘီအာမက်ကို ထောက်ခံချီတက်ပွဲတွင် ဗုံးဖောက်ခွဲခံရပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ BBC သတင်းဌာနက ဖော်ပြသည်။
မလေးရှားရောက် အလုပ်သမားများမှ ဘဏ်နှင့်ချိတ်ဆက်ငွေလွှဲမှုမရှိသဖြင့် လုပ်သားစေလွှတ်သည့် ကုမ္ပဏီများကို အလုပ်သမားဝန်ကြီးဌာနက ခေါ်ယူသတိပေးခဲ့ကြောင်း ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းစည်သူက ပြောကြားသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ကောင်စီဝင်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ General Wei Fenghe ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဇွန်လ ၁၃ ရက် ည ၁၀ နာရီခန့်က ရောက်ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ထုတ်ပြန်ချက်အရသိရသည်။
12-Jun-2018 tagged as ဝန်ကြီး အီတလီ
လစ်ဗျားကမ်းခြေမှ ရွှေ့ပြောင်းဒုက္ခသည် ၆၂၉ ဦးကို ကယ်ဆယ်လာခဲ့သော သင်္ဘောအား အီတလီပြည်ထဲရေးဝန်ကြီးက ဆိပ်ကမ်းဆိုက်ကပ်ခွင့် ပိတ်ပင်လိုက်သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
10-Jun-2018 tagged as ဝန်ကြီး အဂတိ
အဂတိလိုက်စားသည်ဟု တိုင်တန်းခံရသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးကျော်ဝင်းကို စစ်ဆေးရာတွင် အဂတိလိုက်စားမှုနှင့် ငြိစွန်းသည့်ခိုင်လုံသော သက်သေအထောက်အထား မတွေ့ရ၍ အရေးမယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။
ရန်ကုန်မြို့တွင်းမြို့နယ်များမှ ဖြုတ်သိမ်းထားသည့်အချက်ပြမီးပွိုင့်များကို မီးပွိုင့်တစ်ခုမှ တပ်ဆင်ထားခြင်းမရှိသည့် တွံတေးမြို့နယ်၏လမ်းဆုံနေရာလေးခုတွင် တပ်ဆင်ရန်စီစဉ်နေကြောင်း တွံတေးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။