News

POST TAGGED AS

ဝန်ကြီး

ဒုတိယကမ္ဘာစစ်အတွင်း ဂျူးများသည် ပိုလန်များကဲ့သို့ပင် ကျူးလွန်သူများဖြစ်သည်ဟု ပြောဆိုခဲ့သော ပိုလန်ဝန်ကြီးချုပ်ကို အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုက စနေနေ့က ပြစ်တင်ရှုတ်ချလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ် နေတန်ညာဟုသည် အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ စွဲချက်တင်ခြင်းခံရမည်ဟု အစ္စရေးရဲဌာနက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
15-Feb-2018 tagged as ဝန်ကြီး မကွေး
မကွေးတိုင်းဒေသကြီးတွင် လစ်လပ်နေသည့် ဝန်ကြီးနှစ်ဦးနေရာတွင် အစားထိုးပြန်ခန့်နိုင်ရေးအတွက် အမည်စာရင်းကို ဖေဖော်ဝါရီလ ၁၄ ရက်တွင်ကျင်းပသော မကွေးတိုင်း လွှတ်တော်အရေးပေါ် အစည်းအဝေးတွင် တင်သွင်းခဲ့ကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာကို အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်ငါးနှစ်ချလိုက်သည့်အခါ မကျေနပ်သော ထောင်ပေါင်းများစွာ ထောက်ခံသူများက ဒေါသတကြီး ဆန္ဒပြခဲ့ရာ ရဲနှင့် ထိပ်တိုက်အဓိကရုဏ်းများ ဖြစ်ပွားလျက်ရှိသည်ဟု BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
ရန်ကုန်မြို့တော်တွင် လာရောက်အလုပ်လုပ်ကိုင်သူများ နေထိုင်ရေးအဆင်ပြေစေရန် အိမ်ရာရောင်းဝယ်ရေးစင်တာတစ်ခု တည်ထောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နေရာ အစားထိုးမည်ဆိုဟု သတင်းများထွက်ပေါ်နေမှုမှာ သတင်းမှားများ ထွက်ပေါ်နေခြင်းသာဖြစ်ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးက အတည်ပြုပြောဆိုသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လစ်လပ်နေသည့် တိုင်းဒေသကြီး ဝန်ကြီးနှစ်နေရာကို ဇန်နဝါရီလ၂၅ ရက်နေ့က အစားထိုးခန့်အပ်ခဲ့ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရှိရသည်။
... ပြည်ပကြွေးမြီများဖြင့် စီမံကိန်းများ လုပ်ဆောင်နေသည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ကြွေးမြီ ရယူသုံးစွဲထားရှိမှုနှင့် ထွက်ရှိလာသောရလဒ်များကို အမြန်ဆုံး ပြန်လည်စိစစ်ရန် လိုအပ်နေပါသည်။ ကြွေးမြီဆိုသည်မှာ တစ်ချိန်တွင် ပြန်လည်ပေးဆပ်ရမည် ဖြစ်သည်။ ယခင်က ကြွေးတင် ရှင်ဘုရှင်ဆပ်ဟု ပြောကြသည်။ ယနေ့ခေတ်စနစ်တွင်မူ ကြွေးတင် ရှင်ဘုရင် ဆပ်မည်မဟုတ်။ ပြည်သူ့ဘဏ္ဍာငွေများဖြင့်သာ ဆပ်ကြရပါမည်။
ရာထူးမှ နုတ်ထွက်ခဲ့ရသူ သမ္မတပတ် ဂွန်ဟီးအစိုးရအပေါ် ဝေဖန်သူများဟု ယူဆရသူ အနုပညာရှင် ၁၀,၀၀၀ ခန့်ကို နာမည်ပျက်စာရင်းသွင်းရာတွင် ပါဝင်ပတ်သက်မှုဖြင့် ယဉ်ကျေးမှုဝန်ကြီးဟောင်း ချိုယွန်ဆန်ကို တောင်ကိုရီးယား အယူခံတရားရုံးက အင်္ဂါနေ့တွင် ထောင်ဒဏ်ချမှတ်လိုက်သည်ဟု AFP သတင်းတွင် ဖော်ပြထားသည်။
တိုင်းလွှတ်တော် ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုအတွက် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မြေသိမ်းဆည်းခဲ့သည်ဟုဆိုကာ မုံရွာမြို့ အိုးဘိုတောင် ရပ်ကွက်နေထိုင်သည့် ဒေသခံများက လွှတ်တော်ကိုယ်စားလှယ်များ တိုင်ကြားစာကော်မရှင်သို့ တိုင်ကြားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။