News

POST TAGGED AS

ဝန်ကြီးချုပ်

ကမ္ဘောဒီးယားနိုင်ငံတွင် မကြာမီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်ရာ လူငယ်မျိုးဆက်သစ် မဲဆန္ဒရှင်များနေနှင့် နိုင်ငံရေးတွင် ပိုမိုတက်ကြွစွာ လှုပ်ရှားပြီး အပြောင်းအလဲကောင်းများကို ဖန်တီးနိုင်မည်ဆိုပါက အာဏာသက် ရှည်ကြာနေပြီဖြစ်သော ဝန်ကြီးချုပ်ဟွန်ဆန်၏ အုပ်ချုပ်မှုကို အပြောင်းအလဲလုပ်နိုင်လိမ့်မည်ဟု နိုင်ငံရေးအကဲခတ်များနှင့် ပညာရှင်များက တူညီစွာမှတ်ချက်ပေးကြကြောင်း DW သတင်းဌာနက ရေးသားဖော်ပြသည်။
အစိုးရသို့ ပေးသွင်းရန်ရှိသည့် ပြည်သူ့ဘဏ္ဍာငွေ ကျပ်သန်း ၃၀၀၀ ခန့်ကို ပြန်မသွင်းနိုင်ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့်က ပြောကြားသည်။
ကယားပြည်နယ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် စိုက်ထူမည့်ကိစ္စနှင့်ပတ်သက်၍ ဆူပူမှုများ ဆက်လက်လုပ်ဆောင်မည်ဆိုပါက တပ်မတော်ကို ထိန်းသိမ်းခိုင်းရမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ခြိမ်းခြောက်ပြောဆိုမှုအား ကန့်ကွက်ရှုတ်ချကြောင်း ကယားပြည်နယ် ကျောင်းသားများသမဂ္ဂက ဇူလိုင်လ ၂၁ ရက်နေ့တွင် သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများကို ချေးငွေများ ထိရောက်စွာ ပံ့ပိုးပေးနိုင်ရန်အတွက် SME အေဂျင်စီတစ်ခုကို ဖွဲ့စည်းတည်ထောင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
IS အဖွဲ့က ပြန်ပေးဆွဲထားသူ ၈ ဦးကို သတ်ဖြတ်ခဲ့ခြင်းအပေါ် အမြန်ဆုံးလက်တုံ့ပြန်ရန် အီရတ်ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ပြီးနောက် IS အကျဉ်းသား ၁၃ ဦးကို အကြမ်းဖက်မှုဖြင့် စွဲချက်တင်ကာ ကွပ်မျက်လိုက်သည်ဟု အီရတ်တရားရေး ဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်ကြေညာကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်နှင့် ဆက်စပ်သည့်နေရာမှ သိမ်းဆည်းရမိသော အဖိုးတန် လက်ဝတ်ရတနာများနှင့် အခြားဇိမ်ခံပစ္စည်းများကို မလေးရှားအစိုးရက ရောင်းချသွားမည်ဖြစ်သည်ဟု ဘဏ္ဍာရေးဝန်ကြီး လင်ဂွမ်အန်းက AP သတင်းဌာနနှင့် အင်တာဗျူးတွင်ပြောကြားကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရာဇတ်မှာ အလွဲသုံးစားမှု၊ အကျင့်ပျက်ခြစားမှုနှင့် အခြားကိစ္စအများအပြားအတွက် စွဲချက်တင်ခံရမည်ဖြစ်သောကြောင့် နောင် ၅ နှစ်ခန့်အကြာ အထွေထွေရွေးကောက်ပွဲကာလတွင် ယှဉ်ပြိုင်နိုင်ဖွယ်မရှိဟု အသက် ၉၂ နှစ်အရွယ် တစ်ကျော့ပြန် မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က Channel News Asia သတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ပြောကြားခဲ့သည်။
သစ်မှောင်ခိုရောင်းဝယ်မှုကို ရဲဝံ့စွာ ဖော်ထုတ်ခဲ့သော ကျောက်ဆည်မြို့မှ ရဲတပ်ဖွဲ့ဝင်များကို အတုယူရမည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
မန္တလေးတိုင်းဝန်ကြီးချုပ်၏ ယာဉ်မောင်းဖြစ်သူ ဦးအေးသိန်းကို လူသေစေမှုဖြင့် အမှုဖွင့်ထားကြောင်း မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့ လွန်းည စံပြကျေးရွာအတွင်းရှိ ကျောက်တောင်မှ ကျောက်ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေခြင်းကြောင့် ဒေသခံများတွေ့ကြုံနေရသည့် အခက်အခဲလိုအပ်ချက်များကို အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းပြည်နယ်အစိုးရထံမှ သိရသည်။