News

POST TAGGED AS

ဝန်ကြီးချုပ်ဟောင်း

ချင်းလူမှုရေးအဖွဲ့ ဩဂုတ်လ ဒုတိယပတ်တွင် မလေးရှားရောက် ချင်းလူမျိုးများနှင့်တွေ့မည်
ရန်ကုန်၊ ဩဂုတ် ၂

မလေးရှားနိုင်ငံရောက် ချင်းဒုက္ခသည်များအနက် နေရပ်မပြန်လိုသူများနှင့် မြန်မာအစိုးရကြား ဝင်ရောက်ညှိနှိုင်းပေးရန် ချင်းလူမှုရေးအဖွဲ့မှ ကိုယ်စားလှယ်ငါးဦး ဩဂုတ်လဒုတိယပတ်အတွင်း မလေးရှားနိုင်ငံသို့ သွားရောက်တွေ့ဆုံမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

“အဲဒီက သူတို့ရဲ့စကားသွားနားထောင်မယ်။ သူတို့သဘောထား ဘယ်လိုရှိသလဲ၊ သူတို့ပြန်ချင်ရင် တရားဝင်လမ်းကြောင်းက ပြန်လို့ရအောင် အစိုးရက စီစဉ်ပေးဖို့၊ နောက်တစ်ချက်က မပြန်ချင်ဘူးဆိုရင် မြန်မာအစိုးရအနေနဲ့ ညှိနှိုင်းပြီး ဘယ်လို့လုပ်ပေးလို့ရမလဲ အဲဒါတွေကို ကြားဝင်ညှိနှိုင်းပေးဖို့သွားမှာပါ”ဟု ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံရောက် ချင်းလူမျိုးများအရေးကို ရန်ကုန်အခြေစိုက် မြို့နယ်အသီးသီးမှ လူမှုရေးအသင်း ၁၅ ခုမှ ဩဂုတ်လ ၄ ရက်တွင် Orchid Hotel တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အဖွဲ့အစည်းတစ်ခုကို ကိုယ်စားလှယ်သုံးဦးစီ တက်ရောက်၍ မလေးရှားနိုင်ငံရောက် ချင်းလူမျိုး ဒုက္ခသည်အခြေအနေကို မီဒီယာများထံ တင်ပြသွားမည်ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။

လက်ရှိတွင် မလေးရှားနိုင်ငံတွင် ချင်းဒုက္ခသည် သုံးသောင်းရောက်ရှိနေပြီး အိန္ဒိယနိုင်ငံ နယူးဒေလီတွင် ဒုက္ခသည် ရှစ်ထောင်ဝန်းကျင်ရှိသည့်အပြင် အိန္ဒိယ၊ မြန်မာနယ်စပ်တစ်လျှောက် စစ်ပွဲကြောင့် ရောက်ရှိနေသည့် ဒုက္ခသည်ရှစ်သောင်းခန့်က ယခင်ကတည်းက အခြေချနေထိုင်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ သူတို့အခြေအနေကို သွားမေးမယ်။ လက်ရှိ ချင်းပြည်နယ်က မြေပြင်အခြေအနေက မတည်ငြိမ်သေးဘူး” ဟု ချင်းပြည်နယ် ကုန်သည်/စက်မှုအသင်းမှ အထွေထွေအတွင်းရေးမှူး ကိုကပ်နိုးက ဆိုသည်။

ပြီးခဲ့သည့်လက UNHCR ၏ ထုတ်ပြန်ချက်တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားပြီး မလေးရှားနှင့် အိန္ဒိယနိုင်ငံရောက် ချင်းဒုက္ခသည်များကို နေရပ်ပြန်ကြရန် ထုတ်ပြန်ထားသည်။






FOLLOW US