News

POST TAGGED AS

ဝန်ကြီးချုပ်ဟောင်း

ရခိုင်ပြည်နယ်အကျပ်အတည်းကို ဖြေရှင်းရာတွင် နိုင်ငံတော်အဆင့်က ကိုင်တွယ်ဖြေရှင်းနေရသည့်အတွက် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေနှင့် ရင်ဆိုင်နေရသည့် အခြေအနေဖြစ်နေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး (အငြိမ်းစား) ဦးမောင်မောင်အုန်းက သုံးသပ်ပြောဆိုလိုက်သည်။
မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို ငွေကြေးခဝါချမှုနှင့်ပတ်သက်သည့် စွဲချက်သုံးခုဖြင့် အထူးတရားရုံးတွင် ဗုဒ္ဓဟူးနေ့က အမှုဖွင့်စွဲချက်တင်လိုက်ပြီဖြစ်ကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။
ယမန်နေ့က ဖမ်းဆီးထိန်းသိမ်းခံလိုက်ရသော မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၄)ရက်နေ့က တရားရုံးတော်တွင် အာဏာအလွဲသုံးစားပြုမှု၊ ရာဇဝတ်မှု၊ အဂတိလိုက်စားမှု စသည်တို့ဖြင့် စွဲချက်တင်လိုက်ပြီဖြစ်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။
မလေးရှားနိုင်ငံပိုင် မီဒီယာဖြစ်သော Bernama သတင်းဌာန၏ အတည်ပြုဖော်ပြချက်အရ မလေးရှားအာဏာပိုင်များက ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို အဂတိ လိုက်စားမှုများဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။
မလေးရှားနိုင်ငံဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နှင့် ဇနီးဖြစ်သူ ရော့စ်မာမန်ဆောတို့နှင့်ပတ်သက်သည့် အဖိုးတန်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး ယင်းပစ္စည်းများထဲတွင် ကျောက်မျက်ရတနာများ၊ အမျိုးသမီးလက်ကိုင်အိတ်များနှင့် ဒေါ်လာငွေ ၂၇၃ သန်းတို့ပါဝင်သည်ဟု မလေးရှားရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဟောင်းဖြစ်သူ ဦးနု အသုံးပြုခဲ့သော အသုံးအဆောင်ပစ္စည်းများနှင့် သမိုင်းဝင်ပုံများကို ၎င်းနေထိုင်ခဲ့သည့်နေအိမ်တွင် ပြခန်းဖွင့်၍ မေလ ၂၅ ရက်တွင် ပြသမည်ဖြစ်ကြောင်း သမီးကြီးဖြစ်သူ ဒေါ်စန်းစန်းနုက ပြောကြားသည်။
အီတလီဝန်ကြီးချုပ်ဟောင်း ဆီလ်ဗီယိုဘာလူစကိုနီသည် ရွေးကောက်ပွဲနီးကပ်နေချိန်၌ စီးပွားရေးကွန်ဖရင့်တစ်ခုတွင် မဲဆွယ်စကားပြောရာ၌ ကိန်းဂဏန်းများ အလွဲလွဲအချော်ချော် ပြောခဲ့ကြောင့် ဝေဖန်ခံနေရပြီး ၈၁ နှစ်ဆိုသော အသက်အရွယ်က စကားပြောသွားပြီဟု သုံးသပ်မှုများရှိနေကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။