News

POST TAGGED AS

ဝန်ထမ်း

အိမ်မဲတွင် ပညာရေးဝန်ထမ်းတစ်ဦး အသတ်ခံရ
ပုသိမ်၊ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာ၊ ရိုးကြီးကျောင်းလမ်းတွင်နေထိုင်သော အသက် ၅၁ နှစ်အရွယ် ပညာရေးဝန်ထမ်း အမျိုးသမီးတစ်ဦး စက်တင်ဘာလ ၅ ရက် နံနက်ပိုင်းက အသတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ 

အဆိုပါ နေအိမ်တွင် အိမ်မဲမြို့နယ် ပညာရေးမှူးရုံး၌ တာဝန်ထမ်းဆောင်သော အသက် ၅၁ နှစ်အရွယ် ဒေါ်သန်းသန်းလွင်မှာ စက်တင်ဘာလ ၅ ရက် နံနက် ၇ နာရီတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း၊ ၎င်း၏ဆွေမျိုးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးရာ လည်ပင်း၊ ရင်ညွန့်၊ ဝမ်းဗိုက်တို့တွင် ထိုးသွင်းဒဏ်ရာများ၊ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ 

သေဆုံးသူ နေထိုင်ရာနေအိမ်မှာ မြောင်းမြ-အိမ်မဲ ကားလမ်းမကြီးဘေးတွင်ရှိပြီး လူနေအိမ်များ၊ ဈေးဆိုင်များ တည်ရှိသော်လည်း ညပိုင်းက မည်သည့်အသံမှ မကြားရကြောင်း ဒေသခံအချို့က ပြောပြသည်။

သေဆုံးသူ ဝတ်ဆင်ထားသော ဆွဲကြိုး၊ လက်စွပ်၊ လက်ကောက်တို့နှင့် ဆိုင်ကယ်တစ်စီးတို့ ပျောက်ဆုံးနေသည်ကို တွေ့ရကြောင်း၊ သေဆုံးသူ၏ အလောင်းကို အိမ်မဲပြည်သူ့ဆေးရုံသို့ ပေးပို့စစ်ဆေးနေပြီး ရာဇသတ်ကြီး ပုဒ်မ-၃၀၂/၃၉၂ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း အဆိုပါရုံးထံမှ သိရသည်။

R-11



FOLLOW US