News

POST TAGGED AS

ဝက်သား

ဝက်မွေးမြူသူများထံမှ ဝယ်ယူသည့် ဝက်ခြံဖမ်းဈေးနှင့် စားသုံးသူများ ဝယ်ယူရသည့် လက်လီဈေးသည် ထက်ဝက်ကျော် ကွာဟမှုရှိနေပြီး ယခုလက်ရှိ ဝက်သားလက်လီဈေး တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ အထိ မြင့်တက်လျက်ရှိကြောင်း ဝက်မွေးမြူသူများထံမှ သိရသည်။
မြန်မာနိုင်ငံအတွင်းသို့ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှတစ်ဆင့် ဝက်အရှင်နှင့် အေးခဲဝက်သားများ တင်သွင်းနေမှုကို အစိုးရအနေနှင့် တရားဝင်စာထုတ်၍ တားမြစ်ပေးရန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံ တင်ပြတောင်းဆိုထားကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး ဦးဇော်မျိုးထွန်းက ပြောကြားသည်။
ဗီယက်နမ်နိုင်ငံမှ ပြည်တွင်းကုမ္ပဏီ တစ်ခုသို့ မေလကုန်ပိုင်းက အေးခဲဝက်သားများ တိုက်ရိုက်တင်သွင်းမှုနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အရေးယူမှုများပြုလုပ်နိုင်ရန် စစ်ဆေးမည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားသည်။