News

POST TAGGED AS

လွှတ်တော်

06-Dec-2016 tagged as လွှတ်တော်
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် KIA၊TNLA နှင့် MNDAA မဟာမိတ် တပ်ပေါင်းစု လက်နက်ကိုင် သောင်းကျန်းသူများကို ပြစ်တင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း အရေးကြီးအဆိုကို ယနေ့ (ဒီဇင်ဘာလ ၆ ရက်နေ့) ရှမ်းပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လားရှိုးမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဦးအောင်သူက တင်သွင်းခဲ့သည်။
“အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေပြီး ထောင်ဒဏ် တစ်သက်အထိချနိုင်တယ်ဆိုတာ ထည့်သွင်းထားတယ်၊ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ပြည်ထောင်စုရှေ့နေချုပ်ရုံးကို အကြံ ဥာဏ်တောင်းရတယ်၊ ပြည်ထောင်စုရှေ့ နေချုပ်ရုံးကနေပြီးတော့ နောက်ဆုံးပြန်ကြားလွှာ ဒီရက်ပိုင်းအတွင်း ရောက်ရှိမယ်၊ နှစ်နဲ့ ပြောထားတာကတော့ အမြင့်ဆုံးပြစ်ဒဏ်ကို တောင်းဆိုမယ်လို့ ပြောထားတယ်”
17-Nov-2016 tagged as လွှတ်တော်
ယခုနှစ် (၂၀၁၆-၂၀၁၇ ခုနှစ်) အစိုးရ၏ အသုံးစရိတ်အတွက် ပြည်ထောင်စု ဌာနအဖွဲ့အစည်းအလိုက် ကျပ်ဘီလီယံ ၁၃၅၄ ဒသမ ၆၁၄ ကို ဖြည့်စွက်ခွင့်ပြုငွေ အဖြစ် တောင်းခံထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။
16-Nov-2016 tagged as လွှတ်တော်
နိုင်ငံအတွင်း ကုန်ဈေးနှုန်း မြင့်တက်နေမှုကို ကျဆင်းရန် ထိန်းချုပ်မည့် အစီအစဉ်အပေါ် လွှတ်တော်က မေးမြန်းချက်ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာသန်းမြင့်က လာရောက် ဖြေကြား ခဲ့သော်လည်း လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် အပါအဝင် ကိုယ်စားလှယ်များက မကျေမနပ် ဖြစ်ခဲ့ကြကြောင်း ကိုယ်စားလှယ်များက ပြောကြားသည်။
“ပြည်နယ်လွှတ်တော်မှာ နေ့စဉ် အန်တီတို့ ပြည်သူတွေအတွက် လုပ်ရတဲ့အလုပ်တွေ၊ လွှတ်တော်တစ်ခုဆိုတာ ရေးရာကော်မတီတွေရဲ့ နေ့စဉ်ဆောင်ရွက်ချက်တွေ၊ ပြည်သူတွေဘက် နေပြီးတော့ အမှန်တရား ပေါ်ပေါက်ရအောင် ပြည်သူ့အသံကို နားထောင်တဲ့ ဌာနဖြစ်တယ်။ ဥပဒေပြုရေးဌာနဖြစ်တယ်။ နောက်အစိုးရကို ထိန်းကျောင်း စောင့်ကြည့်တဲ့ ဌာနအနေနဲ့ လုပ်ဆောင်ချက်တွေ အားလုံးကို ပြည်သူတွေ ကျယ်ကျယ်ပြန့်ပြန့် သိရအောင်လို့”
"အဆိုက မြန်မာနိုင်ငံအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများလို့ ဆိုထားတာဖြစ်တဲ့အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ပါတယ်။ ပြည်ထောင်စုအဆင့်ဖြစ်လို့ မှတ်တမ်းပဲ တင်သင့်ပါတယ်"
11-Oct-2016 tagged as လွှတ်တော်
လစ်လပ်မဲဆန္ဒနယ် ၁၈ နယ်အတွက် ကြားဖြတ် ရွေးကောက်ပွဲကို ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ (အောက်တိုဘာလ ၁၁ ရက်) ညတွင် နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ကြေညာလိုက်သည်။
07-Oct-2016 tagged as လွှတ်တော်
နှစ်လကျော်ကြာ ကြာမြင့်ခဲ့သည့် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် အစည်းအဝေးများကို ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ အစည်းအဝေးများ အပြီးတွင် ရပ်နားလိုက်ပြီ ဖြစ်သည်။