News

POST TAGGED AS

လွှတ်တော်

အနည်းဆုံး ရွေးကောက်ပွဲသက်တမ်း သုံးလေးခုလောက်အထိ လွှတ်တော်များရဲ့ လေ့လာသင်ယူမှုကို အရှိန်အဟုန်ပြင်းပြင်းလုပ်နိုင်မှသာ လွှတ်တော်များရဲ့ အရည်အသွေး မြင့်မားလာဖို့ရှိပြီးတော့ လွှတ်တော်များရဲ့ အဓိက တာဝန်ဖြစ်တဲ့ ဥပဒေကောင်းများ ပေါ်ထွန်းသက်ရောက်နိုင်ရေး ကိစ္စလည်း ပီပီပြင်ပြင် တိုးတက်ကောင်းမွန်လာဖို့ ရှိပါတယ်။
ရွေ့လျားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ကျန်းမာရေးကဏ္ဍမြှင့်တင့်ရန်ကိစ္စကို လွှတ်တော်က အတည်မပြုဘဲ မှတ်တမ်းအဖြစ်သာ ထားရှိလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။
ဧရာဝတီတိုင်း ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် ၂ နှစ်ပြည့် အခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက်တွင် တိုင်းလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း တိုင်းလွှတ်တော်ရုံးထံမှ သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၈ နာရီတွင် တာမွေမြို့နယ်၊ ကျိုက္ကဆံကွင်း၌ ပြုလုပ်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
အမေရိကန်သမ္မတသက်တမ်း တစ်ဝက်ကျိုးချိန်တွင် ကျင်းပမည့် လွှတ်တော်ရွေးကောက်ပွဲများကို ရုရှားက ပစ်မှတ်ထားလိမ့်မည်ဟု စီအိုင်အေညွှန်ကြားရေးမှူး မိုက်ပွန်ပီယိုက ခန့်မှန်းပြောကြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။
16-Jan-2018 tagged as လွှတ်တော်
ကာကွယ်ရေးဝန်ကြီးဌာနက ၆ လတာဘတ်ဂျတ်ကို ပြည်ထောင်စုလွှတ်တော်သို့တောင်းခံရာတွင် စစ်ဆင်ရေး အသုံးစရိတ်ကို ၂ ဒသမ ၁၀၇ ဘီလီယံ လျာထားတောင်းခံထားကြောင်း ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ယနေ့ (ဇန်နဝါရီ ၁၆ ရက်) ကျင်းပနေသော လွှတ်တော်သို့ တင်ပြလိုက်သည်။
နုတ်ထွက်သွားသော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နေရာကို ထပ်မံရွေးချယ်အတည်ပြုပေးရန် ခေါ်ယူထားသော တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီလ ၁၈ ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။
နေပြည်တော်လွှတ်တော်ကို ဒရုန်းနဲ့ရိုက်ကူးရန် ကြိုးပမ်းမှုကြောင့် ထောင်ဒဏ် နှစ်လကျခံခဲ့ရသော သတင်းထောက် ၃ ဦး၏ ပစ္စည်းများကို ပြန်လည်ရရှိရေးအတွက် တစ်လအတွင်း အယူခံတင်သွားမည်ဖြစ်ကြောင်း ၎င်းတို့အမှုကို ဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က မီဒီယာများကို ပြောကြားသည်။
ဧရာဝတီတိုင်းအစိုးရက တစ်နှစ်အတွင်း လအလိုက်ကျင်းပမည့် ပွဲတော်များ၊ ပြိုင်ပွဲများနှင့် အခမ်းအနားများကျင်းပရန် ဘတ်ဂျက်များ ခွဲဝေချထားပေးသော်လည်း ပွင့်လင်းမြင်သာစွာ သုံးစွဲခြင်း မရှိကြောင်း ညောင်တုန်း အမှတ် (၁) မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် အများပြည်သူ အသုံးပြုနေသော အဝေးပြေးလမ်းမကြီးများပေါ်တွင် ဦးရှင်ကြီးပွဲတော်များ ကျင်းပချိန် လမ်းပိတ်ဆို့မှု ဖြစ်ပေါ်သည့်အတွက် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းကာ ဆွေးနွေးခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။